ဘူးသီးတောင်မြို့နယ်၊ ဖုံညိုလိပ်ကျေးရွာရှိ တိုက်ပွဲရှောင်ပြည်သူ (၆၃၆)ဦးအတွက် စားရိက္ခာ (၁၄) ရက်စာ ဆန် (၉၂)အိတ် (၁၈)ပြည်၊ ဆီ (၁၁၁.၃)ပိသာ၊ ဆား (၂၂.၂၆)ပိသာ၊ ပဲ (၄၄၅.၂) ပိသာ၊ ဝရကျွန်းကျေးရွာရှိ တိုက်ပွဲရှောင်ပြည်သူ (၂၇၅)ဦးအတွက် စားရိက္ခာ (၁၄)ရက်စာ ဆန် (၄၀)အိတ် (၂) ပြည် (၄)ဘူး၊ ဆီ(၄၈.၁၂၅)ပိသာ၊ ဆား (၉.၆၂၅)ပိသာ၊ ပဲ (၁၉၂.၅)ပိသာနှင့် ဆေးအိုးကျကျေးရွာရှိ တိုက်ပွဲရှောင်ပြည်သူ (၁၀၄)ဦးအတွက် စားရိက္ခာ (၁၄)ရက်စာ ဆန်(၁၅)အိတ် (၄) ပြည်၊ ဆီ(၁၈.၂)ပိသာ၊ ဆား(၃.၆၄)ပိသာ၊ ပဲ (၇၂.၈)ပိသာ တို့အား (၂၈-၃-၂၀၁၉ )ရက်နေ့တွင်၊ ဘူးသီးတောင်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှု ဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူး ဦးမောင်မောင်ကြီးတို့နှင့်အတူ ဘူးသီးတောင်မြို့ဦးစီးမှူးရုံးမှ ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#ha_otr
#rke_mar2019
Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)