
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၈-၃-၂၀၁၉)ရက်နေ့ (၁၁:၀၀) နာရီ အချိန်မှ (၁၂:၂၀)နာရီအချိန်အထိ မအူပင်မြို့နယ် လေးအိမ်စုကျေးရွာအုပ်စု၊ လေးအိမ်စုကျေးရွာတွင် သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောဆွေးနွေးပြောကြားခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ရာ ကျေးရွာသူ/သား (၉၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
#ar
#ayy_mar2019
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)