
ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့နယ်၊ ဗန်းဗွီးကျေးရွာ၊တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၁၆)စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း(၅)မျိုး(၁၆)စုစာ၊ လူဦးရေ (၆၆) ဦးအတွက် ဆန်ရိက္ခာ (၁)လစာ ထောက်ပံ့ငွေ (၅၉၄,၀၀၀) ကျပ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်အိမ်ထောင်(၁၄၇)စု၊ လူဦးရေ(၆၄၅)ဦး အတွက်ဆန်ရိက္ခာ (၁)လစာဖိုး ထောက်ပံ့ရန် ကျန်ရှိသောထောက်ပံ့ငွေ(၄,၄၅၀,၅၀၀)ကျပ်တိတိတို့ကို(၂၈-၃-၂၀၁၉)ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် လွှဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#ha_otr
#rke_mar2019
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)