လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသ ကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကြိုကာလဖြစ်သော ဧပြီ၊ မေ ကာလများတွင် လေပြင်းများကျရောက်နိုင်သဖြင့် (၂၉-၃-၂၀၁၉)ရက်နေ့၌ ပွင့်ဖြူမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာတွင် လေဘေးအန္တရာယ် ကြံ့ကြံ့ခံနိုင် ရေးအတွက် လေဘေးအန္တရာယ်ကြိုတင် ကာကွယ်ပြင်ဆင်ရေးလုပ်ငန်းများဖြစ်သော လေဘေးဒဏ်ခံနိုင်ရည်ရှိသော လူနေအိမ်များ ဖြစ်စေရေးအတွက် ကျေးရွာနေပြည်သူများ၊ ကျေးရွာအရန်မီးသတ်တပ်ဖွဲ့များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)