ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့နေမှုသတင်း

29 pic 01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၁၉) နေ့ ကြံခင်းမြို့နယ် ၊ ရေလယ်ကျွန်း ကျေးရွာအုပ်စု (အထက်ကုန်း၊ တဲတန်း) ကျေးရွာတို့တွင် (၂၁-၃-၂၀၁၉) ရက်နေ့မှ (၂၅-၃-၂၀၁၉) ရက်နေ့ထိ ဖြစ်ပွားသော ကမ်းပြိုရွှေ့ပြောင်း အိမ်ခြေ (၄၅) လုံးအတွက်- (၈၃၂၉၅၀) ကျပ် တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး- (၄၅)အိမ်ထောင်စာနှင့် ပလတ်စတစ်ဖျာ (၄၅) ချပ်ကိုလည်းကောင်း အိမ်ဆောက်ပစ္စည်းဖိုး (၄၅၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၃၀၆၆၀၀) ကျပ်၊ ငွေနှင့် ပစ္စည်းစုစုပေါင်းရန်ပုံငွေကျပ် (၅၆၃၉၅၅၀)ကိုလည်းကောင်း၊ ကြံခင်းမြို့နယ် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ဒေါက်တာဦးထွန်းလင်းမော်နှင့် ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူ း (ဦးကျော်ကျော်လွင်)တို့နှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_rbe
#ayy_mar2019
Source – ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events