Category Archives: News
-
သဘာဝဘေးနှင့်ပတ်သက်၍ဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၃-၂၀၁၉)ရက်နေ့တွင် ဟိုပင်မြို့၊ မြကျွန်းသာရပ်ကွက်တွင် ကျောင်းသား/သူ(၁၅၀)ခန့်အား(ဝ၉ဝဝ)အချိန်ခန့်ဖြင့် သဘာဝဘေးနှင့်ပတ်သက်၍ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။ #ar #kcn_mar2019 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး နေအိမ်များပြုပြင်ဆောင်ရွက်နိုင်ရန်အတွက် ညှိနှိုင်းအစည်းအဝေး ပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဓနုဖြူမြို့နယ်အတွင်းရှိ ကျေးရွာများ၌ လေပြင်း ဘေးကြိုတင်ပြင်ဆင်ရေး နေအိမ်များ ပြုပြင်ဆောင်ရွက်နိုင်ရန်အတွက် ညှိနှိုင်းအစည်းအဝေးကို (၂၉-၃-၂၀၁၉) ရက်နေ့၊ (၁၄:၃၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း ကျေးရွာအုပ်ချုပ်ရေးမှူးတု့ိနှင့်အတူ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ #ayy_mar2019 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေးခြင်းသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၃-၂၀၁၉) ရက်နေ့တွင် (၁၃:ဝဝ) နာရီမှ (၁၄း၃၀) နာရီအထိ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရင်းငြိမ်တောင်ကျေးရွာ၊ အ.မ.က(၂) စာသင်ကျောင်း၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေးခြင်းကျင်းပခဲ့ရာ ပြည်သူ လူထုအင်အား စုစုပေါင်း (၁၀၀) ဦး တက်ရောက်ခဲ့ပြီး ထိုတက်ရောက်လာသူများအား လက်ကမ်း စာစောင်များဝေငှခြင်းနှင့် နံရံကပ်ပိုစတာများပေးအပ်ခြင်းတို့ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)# ar #mon_mar2019
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး နေအိမ်များမွမ်းမံပြင်ဆင်နိုင်ရန် အကြိုညှိနှိုင်းအစည်းအဝေး ပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၉-၃-၂၀၁၉)ရက်နေ့၌ (သာပေါင်း၊ ရေကြည်၊ ကျုံပျော်၊ ငပုတော)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့၌ လေပြင်း ဘေးကြိုတင်ပြင်ဆင်ရေးအနေဖြင့် နေအိမ်များမွမ်းမံပြင်ဆင်နိုင်ရန်အတွက် အကြိုညှိနှိုင်း အစည်း အဝေးအားကျင်းပခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများ တက်ရောက်ခဲ့ပြီး နေအိမ်များမွမ်းမံပြင်ဆင် နိုင်ရေးအတွက် ညှိနှိုင်းတိုင်ပင်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ #ayy_mar2019 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား World Bank အဖွဲ့ နှင့် မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီးတို့က သီးခြားစီလာရောက်တွေ့ဆုံမှုသတင်း
မတ်လ ၂၉၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် World Bank Head of Office for Myanmar မှ Mr. Gevorg Sargsyan ဦးဆောင်သော World Bank အဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ အစ္စရေး နိုင်ငံသံအမတ်ကြီး H.E. Mr. Ronen Gilor တို့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီးရုံး မေခလာခန်းမ၌ သီးခြားစီ လက်ခံတွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် နှစ်ပတ်လည်အစည်းအဝေး တက်ရောက်မှုသတင်း
မတ်လ ၂၉၊ နေပြည်တော် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ နှစ်ပတ်လည်အစည်းအဝေးကို ယနေ့နံနက်ပိုင်း တွင်နေပြည်တော်၊ လယ်ဝေးမြို့၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ရုံး၊ သီရိရတနာခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကား ပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက အမျိုးသမီးများ၏ ဘဝလုံခြုံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်က ရည်ရွယ်ချက်ထားရှိ၍ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေမှုသည် အမျိုးသမီးများ၏အရေးကို အစိုးရက အလေးထားဆောင်ရွက်နေမှု များနှင့် ထပ်တူကျပါကြောင်း၊ အစိုးရအနေဖြင့် အမျိုးသမီးထုတစ်ရပ်လုံး အခွင့်အရေးများ ရရှိရေး၊ လုံခြုံစိတ်ချစွာနေထိုင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် … Read more
-
၂၀၁၈ခုနှစ်၊ ဇူလိုင်လအတွင်း ရေဘေးဒဏ်ခံစားခဲ့ရသော ဒေသအချို့ရှိ ရေဘေးသင့်ပြည်သူများ အတွက် ဆောင်ရွက်ခဲ့သည့် အရေးပေါ်တုံ့ပြန်ရေးနှင့် ကနဦးပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြန်လည်သုံးသပ်သည့်အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမှုသတင်း
၂၀၁၈ခုနှစ်၊ ဇူလိုင်လအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဘေးဒဏ်ခံစားခဲ့ရသော ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့မှ ရေဘေးသင့်ပြည်သူများအတွက် ဆောင်ရွက် ပေးခဲ့သည့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများနှင့် ကနဦးပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြန်လည်သုံးသပ်သည့် အလုပ်ရုံဆွေးနွေးပွဲအား ၂၀၁၉ ခုနှစ် မတ်လ (၂၉) ရက်နေ့ တွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ ကျင်းပခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကိုကိုနိုင်မှ တက်ရောက်အမှာ စကားပြောကြားခဲ့ပြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန် … Read more
-
လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသော ကျေးရွာဘုရားကျောင်းအား လှူဒါန်းထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၁၉) ရက်နေ့တွင် မိုင်းဖြတ်မြို့နယ်၊ အိုက်လုံကျေးရွာအုပ်စု၊ ဟာကြားမုဒိကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် ကျေးရွာဘုရားကျောင်း (၁) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၉၆၀၀၀) ကျပ်အား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူများလက်ဝယ်အရောက် လှူဒါန်းထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ #ha _sgw #shn_mar2019 Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၁၉) ရက်နေ့တွင် မိုးညိုမြို့နယ်၊ ဇောတိကရပ်ကွက်၊ ပန်းစံပါယ်လမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ ဘေးသင့်ပြည်သူ (၄) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈၄၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁) ပုံးတို့ကို မီးဘေးသင့်ပြည်သူများလက်ဝယ်သို့ ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ #ha _fir #bgo_mar2019 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး … Read more
-
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်း ဖွင့်ပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုင်းယောင်းမြို့နယ်၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားအား (၂၈-၃-၂၀၁၉) ရက်နေ့၌ မိုင်းယောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင်ကျင်းပခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြိုနယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ သင်တန်းသူ/သား (၃၀) ဦး၊ စုစုပေါင်း (၅၀) ဦးဖြင့် (၂၈-၃-၂၀၁၉) ရက်နေ့မှ (၃၀-၃-၂၀၁၉) ရက်နေ့အထိဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရပါသည်။ #ar #shn_mar2019 Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)









