
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုင်းယောင်းမြို့နယ်၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားအား (၂၈-၃-၂၀၁၉) ရက်နေ့၌ မိုင်းယောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင်ကျင်းပခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြိုနယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ သင်တန်းသူ/သား (၃၀) ဦး၊ စုစုပေါင်း (၅၀) ဦးဖြင့် (၂၈-၃-၂၀၁၉) ရက်နေ့မှ (၃၀-၃-၂၀၁၉) ရက်နေ့အထိဖွင့်လှစ်မည်ဖြစ်ကြောင်း
သိရှိရပါသည်။ #ar #shn_mar2019 Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)