Category Archives: News
-
သောက်သုံးရေများဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသ ကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေရှားပါးလျက်ရှိသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာအလယ်ပိုင်းရှိ အိမ်ခြေ(၁၁၅)၊ အိမ်ထောင်စု (၁၂၃) လူဦးရေ (၆၅၀)ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား (၅.၄.၂၀၁၉)ရက်နေ့ (၀၉း၀၀)နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_apr2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေလှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သောက်သုံးရေရှားပါးလျှက်ရှိသော ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာအုပ်စု၊ ခိုးရားခူကျေးရွာနှင့် ကေးလျားကျေးရွာအုပ်စု၊ ထီးဗျားညေး ကျေးရွာများသို့ (၄-၄-၂၀၁၉) ရက်နေ့တွင် ရေဂေါလံ (၃၀၀၀) ဆံ့ ရေသေယ်ယာဉ် (၁) စီးစီ စုစုပေါင်းရေသယ်ယာဉ် (၂) စီးဖြင့် သောက်သုံးရေ သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ # ha_drg #kyn_apr2019 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်အတွင်း (၂-၄-၂၀၁၉)ရက်နေ့ လေပြင်း တိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သော အိမ်ခြေ(၁၅)လုံးအတွက် ဖောင်းပြင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကယ်ဆယ်ရေး ပစ္စည်း(၅)မျိုး (၁၅)အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀၀,၀၀၀/-) ကျပ်တိတိတို့အား (၅-၄-၂၀၁၉)ရက်နေ့(၁၁း၀၀)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_apr2019 Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေး ဗီနိုင်းဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၄-၄-၂၀၁၉) ရက်နေ့တွင် ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ကဝမြို့ လမ်းဆုံ၌ မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဗီနိုင်းဆိုင်းဘုတ် စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_str #ayy_apr2019 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် ဆောက်လုပ်သည့် School Cum Shelter များ သွားရောက်စစ်ဆေးသည့်သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၄-၂၀၁၉) ရက်နေ့တွင် လပွတ္တာမြို့နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်လုပ်ငန်း ကြီးကြပ်မှုအဖွဲ့များနှင့်အတူ လပွတ္တာမြို့နယ်၊ ရော်နီကျေးရွာ၊ ဒေါင့်ချောင်းကျေရွာနှင့် ရွာလေးချောင်းကျေးရွာတို့၌ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် ဆောက်လုပ်လျက်ရှိသော School Cum Shelter (၃)လုံး၏ (၂၅%) လုပ်ငန်းပြီးစီးမှုအခြေအနေအား သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #ayy_apr2019 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ဗီနိုင်းဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၄- ၂၀၁၉) ရက်နေ့တွင် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ရုံးကြီးထောင့်၌ မုန်တိုင်းဘေးနှင့် မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဗီနိုင်းဆိုင်းဘုတ်စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၄-၂၀၁၉) ရက်နေ့၌ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်ရှိ ကျေးရွာ (၅) ရွာတို့တွင် လေပြင်းတိုက် ခတ်မှုဖြစ်ပွားခဲ့ရာ အဆိုပါလေပြင်းဘေးကြောင့် ပြိုလဲနေအိမ် (၂) လုံး၊ ဘုန်းကြီးကျောင်း (၁) ကျောင်းနှင့် လူနေအိမ်အလုံး (၉၇) အမိုးလန်ခဲ့ပြီး၊ လူနေအိမ် (၉၇) လုံးအတွက် ကျောင်းဆောက်ပစ္စည်းနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ စုစုပေါင်း(၂၉၈၀၀၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး … Read more
-
လေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃∕၄-၄-၂၀၁၉)ရက်နေ့များတွင် နွေဦးရာသီ အတွင်း နှစ်စဉ်လေပြင်းဘေးအန္တရာယ်ကြုံတွေ့ ရသော ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများ၌ သဘာဝဘေးအန္တရာယ် များကြောင့် ဒေသခံပြည်သူများ၏ အသက် အိုးအိမ်စည်းစိမ်ပစ္စည်းများ ဆုံးရှုံးမှု လျှော့နည်းရန်အတွက် လေဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းအသိပညာပေးလုပ်ငန်းများအပြင် လေဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစီမံချက်ကိုလည်း လက်တွေ့စီမံ ခန့်ခွဲဆောင်ရွက်လျက်ရှိပါသည်၊၊ လုပ်ငန်းဆောင်ရွက်ရာတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပိုက်ကို၊ မြို့နယ်သဘာဝဘေးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးမြင့်ဆောင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်း(OSS)၊ … Read more
-
မီဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူ မြို့နယ်၊ ရွာသာအေးကျေးရွာအုပ်စု၊ လိပ်ခြံကျေးရွာတွင် ( ၃-၄-၂၀၁၉) ရက်နေ့ (၁၀:၃၀) အချိန်၌ မီးဖိုမီးကြွင်းမီးကျန်မှတဆင့် မီးလောင်ကျွမ်းခဲ့ရာ လူနေအိမ် (၁) လုံးမီးဘေးသင့်ခဲ့ပြီး မီးဘေးသင့် အိမ်ထောင်စု (၁) စု၊ လူဦးရေ (၄) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ ဆန်ရိက္ခာဖိုး(၇)ရက်စာ (၈၄၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ်၊ စုစုပေါင်း … Read more
-
ဒုတိယဝန်ကြီး ဦးစိုးအောင်အား CTFMR ၏ Co-Chairs များမှ လာရောက်တွေ့ဆုံမှုသတင်း
ဧပြီ ၄၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်အား Country Task Force on Monitoring and Reporting (CTFMR)၏ Co- Chairs များဖြစ်သူ ကုလသမဂ္ဂဌာနေကိုယ်စားလှယ်နှင့် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Knut Ostbyနှင့် UNICEF၏ ဌာနေကိုယ်စားလှယ်ဖြစ်သူ Ms. June Kunugi တို့က ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး၌ လာရောက်တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်မှ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ အပေါ် … Read more









