လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၄-၂၀၁၉) ရက်နေ့၌ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်ရှိ ကျေးရွာ (၅) ရွာတို့တွင် လေပြင်းတိုက် ခတ်မှုဖြစ်ပွားခဲ့ရာ အဆိုပါလေပြင်းဘေးကြောင့် ပြိုလဲနေအိမ် (၂) လုံး၊ ဘုန်းကြီးကျောင်း (၁) ကျောင်းနှင့် လူနေအိမ်အလုံး (၉၇) အမိုးလန်ခဲ့ပြီး၊ လူနေအိမ် (၉၇) လုံးအတွက် ကျောင်းဆောက်ပစ္စည်းနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ စုစုပေါင်း(၂၉၈၀၀၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၉၇) အိမ်ထောင်စုစာနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀) မျိုး (၂) အိမ်ထောင်စုစာတို့အား(၄-၄-၂၀၁၉)ရက်နေ့တွင် အဆိုပါ ဘေးသင့်ကျေးရွာအသီးသီးသို့ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#sgg_apr2019
Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)