
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်အတွင်း (၂-၄-၂၀၁၉)ရက်နေ့ လေပြင်း တိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သော အိမ်ခြေ(၁၅)လုံးအတွက် ဖောင်းပြင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကယ်ဆယ်ရေး ပစ္စည်း(၅)မျိုး (၁၅)အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀၀,၀၀၀/-) ကျပ်တိတိတို့အား (၅-၄-၂၀၁၉)ရက်နေ့(၁၁း၀၀)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#sgg_apr2019
Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)