
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃∕၄-၄-၂၀၁၉)ရက်နေ့များတွင် နွေဦးရာသီ အတွင်း နှစ်စဉ်လေပြင်းဘေးအန္တရာယ်ကြုံတွေ့ ရသော ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများ၌ သဘာဝဘေးအန္တရာယ် များကြောင့် ဒေသခံပြည်သူများ၏ အသက် အိုးအိမ်စည်းစိမ်ပစ္စည်းများ ဆုံးရှုံးမှု လျှော့နည်းရန်အတွက် လေဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းအသိပညာပေးလုပ်ငန်းများအပြင် လေဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစီမံချက်ကိုလည်း လက်တွေ့စီမံ ခန့်ခွဲဆောင်ရွက်လျက်ရှိပါသည်၊၊ လုပ်ငန်းဆောင်ရွက်ရာတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပိုက်ကို၊ မြို့နယ်သဘာဝဘေးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးမြင့်ဆောင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်း(OSS)၊ Dry Zone Network မှ CBO ဦးရဲထွဋ်၊ KYDO မှ PC ဦးဇော်နိုင်ထွန်း၊ Pakokku CSOs Platform၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ဖောင်းကွဲကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးမော်ဌေးနှင့်အတူ ဒေသခံပြည်သူများလည်း ဝိုင်းဝန်းပူးပေါင်း၍ လေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းအား မိတ်ဆက်ရှင်းလင်း ခြင်းနှင့် သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ပြီး လေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်း များဆောင်ရွက်ရန်အတွက် အိမ်ခြေ(၃၀)အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၅၀၀၀၀∕-) (ကျပ်လေးသိန်းငါးသောင်းတိတိ)၊ သဘာ၀ ဘေးအန္တရာယ် အသိပညာပေး ဗွီဒီယိုဇာတ်လမ်း အခွေများနှင့် အသိပညာပေးလက်ကမ်းစာစောင်များအား ဒေသခံပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်၊၊
ပခုက္ကူမြို့နယ်၊ ဖောင်းကွဲကျေးရွာအုပ်စု၊ ဖောင်းကွဲကျေးရွာတွင် နေထိုင်သည့် ထိခိုက်လွယ်အုပ်စုဖြစ်သော အဖိုး ဦးအောင်ရွှေနှင့် အဖွားဒေါ်ကြည်ပိုတို့၏ နေအိမ်အား တောင့်တင်းခိုင်မာပြီး ဘေးကင်းလုံခြုံကောင်းမွန်အောင် ဝိုင်းဝန်းပြုပြင် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar_sgw
#mgy_apr2019
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)