လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူ မြို့နယ်၊ ရွာသာအေးကျေးရွာအုပ်စု၊ လိပ်ခြံကျေးရွာတွင် ( ၃-၄-၂၀၁၉) ရက်နေ့ (၁၀:၃၀) အချိန်၌ မီးဖိုမီးကြွင်းမီးကျန်မှတဆင့် မီးလောင်ကျွမ်းခဲ့ရာ လူနေအိမ် (၁) လုံးမီးဘေးသင့်ခဲ့ပြီး မီးဘေးသင့် အိမ်ထောင်စု (၁) စု၊ လူဦးရေ (၄) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ ဆန်ရိက္ခာဖိုး(၇)ရက်စာ (၈၄၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ်၊ စုစုပေါင်း (၁၀၈၄၀၀) ကျပ်တို့အား (၄-၄-၂၀၁၉) ရက်နေ့တွင် ဆိပ်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးနှင့် မီးသတ်ဌာနတို့မှ တာဝန်ရှိသူများနှင့် အတူ မီးဘေးသင့်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#mgy_apr2019
Source: ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး(ဘစမ)