Category Archives: News
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၄-၂၀၁၉)ရက်နေ့၌ ကန့်ဘလူမြို့နယ်၊ ဇင်းကျေးရွာအုပ်စု၊ ဘောကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်လူနေအိမ်(၁)လုံး ဘေးသင့်ခဲ့ပြီး၊ ဘေးသင့်အိမ်ခြေ(၁)လုံး၊ အိမ်ထောက်စု(၁)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၇၀၀၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၅)မျိုး (၁)အိမ်ထောင်စာတို့အား(၅-၄-၂၀၁၉)ရက်နေ့တွင် ကန့်ဘလူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်တူ ဘေးသင့်ပြည်သူထံသို့ သွားရောက်ထောင်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ) # ha_sgw # shn_apr2019
-
သံဖြူဇရပ်မြို့နယ်၊ ကော့လေးကျေးရွာအုပ်စု၊ စွမ်းပလောင်ကျေးရွာ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သံဖြူဇရပ်မြို့နယ်၊ ကော့လေးကျေးရွာအုပ်စု၊ စွမ်းပလောင်ကျေးရွာ၊ ရွာလယ်ပိုင်းတွင် (၃-၄-၂၀၁၉) ရက်နေ့၊ (၂၁း၀၀) နာရီအချိန်၌် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁) အိမ်ထောင်စာ၊ Family Kit (၁) ထုပ်၊ ရေပုံး (၂) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ … Read more
-
မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဗီနိုင်းဆိုင်းဘုတ် စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၄-၂၀၁၉) ရက်နေ့၊ (၁ရး၃၀) နာရီအချိန်တွင် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ဘုရားလမ်းထောင့်၌ မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဗီနိုင်းဆိုင်းဘုတ် စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar_str #ayy_apr2019
-
လေဘေးအန္တရာယ်ကြိုတင်ကာကွယ်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကြိုကာလဖြစ်သော ဧပြီ၊ မေလများတွင် လေပြင်းများ ကျရောက်နိုင် သဖြင့် (၅-၄-၂၀၁၉) ရက်နေ့၌ ပင်းတယမြို့နယ်၊ ကုန်းပေါ်ကျေးရွာ၊ ပေါစံသီးကျေးရွာ၊မြေခြားမြောက်ကျေးရွာနှင့် ပိန္နဲပင်ကျေးရွာများရှိ နေအိမ်များအား လေပြင်းဘေးဒဏ်ခံနိုင်စေရေးအတွက် အမိုး၊ အကာများ ပြုပြင်ခြင်း၊ နေအိမ်များပေါ်သို့ ကျိုးကျနိုင်သော သစ်ပင်သစ်ကိုင်းများကို ခုတ်တွင်ရှင်းလင်းခြင်းနှင့် လေပြင်းဘေးဒဏ် ကြိုတင် ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့နှင့် ကျေးရွာများရှိ လေပြင်းဘေးကြိုတင်ကာကွယ်ရေးအဖွဲ့များ၊ ကျေးရွာနေပြည်သူများနှင့်အတူ ကွင်းဆင်းပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။ … Read more
-
မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်း အစည်းအဝေးသို့ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ၊ ဒုတိယဥက္ကဌ(၁)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးစိုးအောင် တက်ရောက်မှုသတင်း
၅.၄.၂၀၁၉ (သောကြာနေ့) M–Gallery Hotel၊ (နေပြည်တော်) မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်း အစည်းအဝေးကို မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ၊ ဒုတိယဥက္ကဌ(၁)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီဝင် ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ယူနီဆက်ဖ်(မြန်မာ)မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်မှ တာဝန်ရှိသူများ၊ အခြားဖိတ်ကြားထားသည့် ဖွံ့ဖြိုးတိုးတက်မှုမိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် မသန် စွမ်းမှု ဆက်စပ်အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာလုပ်ငန်းကော်မတီ၊ … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အာဆီယံဒေသဆိုင်ရာကလေးသူငယ်များအပေါ် အကြမ်းဖက်ခြင်းပပျောက်ရေးနှင့် လုပ်ငန်းစီမံချက်အပေါ်ပြန်လည်သုံးသပ်သည့် အမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲတက်ရောက်မှုသတင်း
နေပြည်တော် ၊ ဧပြီ ၅ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ယနေ့ နံနက် ပိုင်းက နေပြည်တော်၊ Park Royal Hotel ၌ကျင်းပသော အာဆီယံဒေသဆိုင်ရာကလေးသူငယ်များအပေါ် အကြမ်းဖက်ခြင်းပပျောက်ရေးနှင့် လုပ်ငန်းစီမံချက်အပေါ်ပြန်လည်သုံးသပ်သည့် အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးကမိမိတို့ အစိုးရအနေဖြင့်ကလေးသူငယ်အခွင့်အရေးနှင့် ပတ်သက်၍ ဖော်ဆောင်ပေးနိုင်ရန်ဦးဆောင်ဆောင်ရွက်လျက်ရှိပြီး (United Nation Convection on the Rights of Child-UN CRC) တွင် … Read more
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၄-၄-၂၀၁၉)ရက်နေ့ (၁၆း၃၀)နာရီအချိန်တွင် လှိုင်းဘွဲ့မြို့နယ်၊ ရွှေဂွန်းကျေးရွာအုပ်စု ရွှေဂွန်း ကျေးရွာရှိ ရပ်ကွက်(၅)ခုတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ သွပ်မိုး/ပျဉ်ထောင်၊ ပျဉ်ခင်း တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် (၁၇)လုံး၊ အိမ်ထောင်စု(၁၇)စု လူဦးရေ(၉၀)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၄၂၂,၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာ (၇)ရက်စာ (၁၈၉,၀၀၀/-)ကျပ်၊ စုစုပေါင်းကျပ် (၁,၆၁၁,၀၀၀/-)ကျပ် တို့ကို (၅-၉-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #krn_apr2019 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး … Read more
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ရွာရှည်ကျေး ရွာအုပ်စု၊ ညောင်ပင်ကြီးကျေးရွာ၌ (၄.၄.၂၀၁၉)ရက်နေ့ဖြစ်ပွားသော မီးဘေးမှ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၄)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ အိမ်ထောင်စု (၁)စုစာအတွက် ဆန်ရိက္ခာနှင့်အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၈၄၀၀/-)ကျပ်တို့ အား (၅.၄.၂၀၁၉)ရက်နေ့တွင် ဆားလင်းကြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #sgg_apr2019 Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ် ၊ ကျောက်ထုံးကြီး ကျေးရွာအုပ်စု၊ လက်ပံဇင်ကျေးရွာ၌ (၃-၄-၂၀၁၉) ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုပြောင်းရွှေ့အိမ်ထောင်စု (၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၃) အိမ်ထောင်စုစာ ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀၀) ကျပ်နှင့် လူဦးရေ (၁၅) ဦးအတွက် ဆန်ရိက္ခာထောက်ပံ့ငွေ (၃၁၅၀၀) ကျပ်တို့အား (၅-၄-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ # … Read more
-
လေဘေးအန္တရာယ်ကြိုတင်ကာကွယ်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၄-၂၀၁၉) ရက်နေ့၌ ကျောင်းကုန်းမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာအုပ်စု၊ ဇရပ်ဆိပ်ကျေးရွာမှ လေပြင်းဒဏ်ခံနိုင်ရည် အားနည်း သည့် နေအိမ်များအား ဇရပ်ဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ကျေးရွာရှိ စေတနာ့ဝန်ထမ်း လူငယ်များနှင့် ပူးပေါင်း၍ နေအိမ်မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။ #ar_sgw #ayy_apr201 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)









