လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကြိုကာလဖြစ်သော ဧပြီ၊ မေလများတွင် လေပြင်းများ ကျရောက်နိုင် သဖြင့် (၅-၄-၂၀၁၉) ရက်နေ့၌ ပင်းတယမြို့နယ်၊ ကုန်းပေါ်ကျေးရွာ၊ ပေါစံသီးကျေးရွာ၊မြေခြားမြောက်ကျေးရွာနှင့် ပိန္နဲပင်ကျေးရွာများရှိ နေအိမ်များအား လေပြင်းဘေးဒဏ်ခံနိုင်စေရေးအတွက် အမိုး၊ အကာများ ပြုပြင်ခြင်း၊ နေအိမ်များပေါ်သို့ ကျိုးကျနိုင်သော သစ်ပင်သစ်ကိုင်းများကို ခုတ်တွင်ရှင်းလင်းခြင်းနှင့် လေပြင်းဘေးဒဏ် ကြိုတင် ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့နှင့် ကျေးရွာများရှိ လေပြင်းဘေးကြိုတင်ကာကွယ်ရေးအဖွဲ့များ၊ ကျေးရွာနေပြည်သူများနှင့်အတူ ကွင်းဆင်းပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
#ar_sgw
#shn_apr2019