လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၄-၂၀၁၉)ရက်နေ့၌ ကန့်ဘလူမြို့နယ်၊ ဇင်းကျေးရွာအုပ်စု၊ ဘောကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်လူနေအိမ်(၁)လုံး ဘေးသင့်ခဲ့ပြီး၊ ဘေးသင့်အိမ်ခြေ(၁)လုံး၊ အိမ်ထောက်စု(၁)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၇၀၀၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၅)မျိုး (၁)အိမ်ထောင်စာတို့အား(၅-၄-၂၀၁၉)ရက်နေ့တွင် ကန့်ဘလူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်တူ ဘေးသင့်ပြည်သူထံသို့ သွားရောက်ထောင်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)
# ha_sgw
# shn_apr2019