လေဘေးအတွက် ထောက်ပံ့မှုသတင်း

5_Pic_01 5_Pic_02
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၄-၄-၂၀၁၉)ရက်နေ့ (၁၆း၃၀)နာရီအချိန်တွင် လှိုင်းဘွဲ့မြို့နယ်၊ ရွှေဂွန်းကျေးရွာအုပ်စု ရွှေဂွန်း ကျေးရွာရှိ ရပ်ကွက်(၅)ခုတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ သွပ်မိုး/ပျဉ်ထောင်၊ ပျဉ်ခင်း တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် (၁၇)လုံး၊ အိမ်ထောင်စု(၁၇)စု လူဦးရေ(၉၀)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၄၂၂,၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာ (၇)ရက်စာ (၁၈၉,၀၀၀/-)ကျပ်၊ စုစုပေါင်းကျပ် (၁,၆၁၁,၀၀၀/-)ကျပ် တို့ကို (၅-၉-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw
#krn_apr2019
Source:    ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events