Category Archives: News
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး IDP စခန်းများပိတ်သိမ်းနိုင်ရေး အမျိုးသား အဆင့် မဟာဗျူဟာ(မူကြမ်း)နှင့်စပ်လျဉ်း၍ တတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်
ဧပြီ ၉၊ နေပြည်တော် IDP စခန်းများပိတ်သိမ်းနိုင်ရေး အမျိုးသားအဆင့် မဟာဗျူဟာ(မူကြမ်း)နှင့် စပ်လျဉ်း၍ တတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲ ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ Horizon Lake View Resort ဟိုတယ်၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတက်ရောက် အဖွင့်အမှာစကားပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက ယခုကျင်းပ သည့်အလုပ်ရုံဆွေးနွေးပွဲသည် မြန်မာနိုင်ငံ၏ နေရာဒေသများဖြစ်သည့် ကချင်ပြည်နယ်၊ ကရင် ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှ အကြောင်း အမျိုးမျိုးကြောင့် ဖွင့်လှစ်ထားသည့် IDP … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဥက္ကံကျေးရွာအုပ်စု၊ ညောင်ပင်လှကျေးရွာ၌ (၇-၄-၂၀၁၉) ရက်နေ့၊ (၁ရး၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်နေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂) စုဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၂) အိမ်ထောင်စုစာနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၅၀,၀၀၀/-) ကျပ်အား (၉-၄-၂၀၁၉) ရက်နေ့၊ (၁၀း၃၀) နာရီအချိန်တွင် ကောလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ဘေးသင့်ပြည်သူများအားထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_apr2019 Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) … Read more
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်မှုနှင့် အသိပညာပေး ဗွီနိုင်းပိုစတာစိုက်ထူပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီးဦးစီးမှူးရုံးနှင့် သာပေါင်းမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၈.၄.၂၀၁၉)ရက်နေ့နှင့် (၉.၄.၂၀၁၉)ရက်နေ့ တို့၌ သာပေါင်း မြို့နယ်၊ စစ်ပင်ကြီးကျေးရွာ အုပ်စု၊ စစ်ပင်ကြီးကျေးရွာနှင့် ကျားရဲကျေးရွာအုပ်စု၊ မန်တိုင်ကျေးရွာ၊ ဝင်္ကဘာကျေးရွာတို့မှ ခိုင်ခံ့မှု အားနည်းပြီးဆင်းရဲနွမ်းပါးသည့် အဘိုးအဘွားများ နေအိမ်၊ မိသားစုဝင် များပြားပြီး ဆင်းရဲနွမ်းပါးသည့် နေအိမ်များ၊ စုစုပေါင်း နေအိမ်(၆၀)လုံးအား ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းစိစစ်ရွေးချယ်ခဲ့ပြီး နေအိမ်များ မွမ်းမံ ပြင်ဆင်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခြင်း၊ လေပြင်းဘေးအသိပညာပေး … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်၊ မထောခူ ကျေးရွာအုပ်စု၊ (၄) မိုင်စံပြကျေးရွာ၌ (၇-၄-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ထောင်စု (၁) စုမှ လူဦးရေ (၅) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုး (၁) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုး(၇)ရက်စာထောက်ပံ့ငွေ (၁၀,၅၀၀/-) ကျပ်အား (၉-၄-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #kyh_apr2019 Source: … Read more
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးအုပ်စုနှင့် သခွတ်ချောင်းအုပ်စုတို့မှ လေပြင်းဒဏ်ခံနိုင်ရည်အားနည်းသည့် နေအိမ်၊ အဘိုးအဘွားများနေအိမ်၊ ဆင်းရဲနွမ်းပါးပြီးမိသားစုဝင်များပြားသည့် နေအိမ် (၃၀) လုံးအား ရွေးချယ်ပြီး နေအိမ်များမွမ်းမံပြင်ဆင်မှုဆောင်ရွက်နိုင်ရန်အတွက် (၉-၄-၂၀၁၉) ရက်နေ့တွင် ကျေးရွာအုပ်စုတစ်ခုချင်းအလိုက် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာစာရေး ၊ စေတနာ့ဝန်ထမ်းလူငယ်များ၊ ကျေးရွာပြည်သူလူထုများနှင့်တွေ့ဆုံ၍ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးအတွက် နေအိမ်များ မွမ်းမံပြင်ဆင်မည့် အစီအစဉ်များအား အသေးစိတ်ဆွေးနွေးညှိနှိုင်းခြင်း၊ နေအိမ်များအား ကျေးရွာမှတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။#ar_sgw #ayy_apr2019Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးလျော့ပါးရေး အသိ ပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၉.၄.၂၀၁၉)ရက်နေ့ (၁၀း၀၀)နာရီအချိန်၌ သာပေါင်း မြို့နယ်၊ ကျားရဲကျေးရွာအုပ်စု၊ မန်တိုင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာပြည်သူလူထု (၇၀)ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2019 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကြိုကာလဖြစ်သော ဧပြီ၊ မေကာလများတွင် လေပြင်းများကျရောက်နိုင်သဖြင့် (၉-၄-၂၀၁၉) ရက်နေ့တွင် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ တဇန်းကျေးရွာ၌လေဘေးအန္တရာယ်ကြံ့ကြံ့ခံနိုင်ရေးအတွက် လေဘေးအန္တရာယ်ကြိုတင်ကာကွယ်ပြင်ဆင်ရေးလုပ်ငန်း များ ဖြစ်သော လေဘေးဒဏ်ခံနိုင်ရည်ရှိသည့် လူနေအိမ်များဖြစ်စေရေးအတွက် မြို့နယ်အဆင့် သဘာဝစီမံခန့် ခွဲမှုကော်မတီဝင်များ၊ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာပြည်သူများနှင့်အတူ ပူူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar_sgw #mgy_apr2019
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လိုက်မြို့နယ်အတွင်း (၈-၄-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားသောလေဘေးကြောင့် ပျက်စီးခဲ့သော အိမ်ထောင်စု (၃၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၃၀) အိမ်ထောင်စုစာ၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁) အိမ်ထောင်စုစာ၊ နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၉၄၅၀၀၀) ကျပ်တိတိအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီ/ခန့်တို့နှင့်ပူးပေါင်း၍ ဘေးသင့်ပြည်သူများထံသွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။#ha_sgw #sgg_apr2019 Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆.၄.၂၀၁၉)ရက်နေ့၌ မီးဖိုရှိ ၊ မီးကြွင်းမီးကျန်မှ မီးလောင်မှု ဖြစ်ပွားခဲ့မှုကြောင့် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ အမှတ်(၁၅) ရပ်ကွက်၊ မြို့ရှောင်လမ်းဘေးတွင် မီးဘေးသင့်အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ ဘေးသင့်လူဦးရေ(၃)ဦး ဘေးသင့်ခဲ့ရာ အိမ်ဆောက်ပစ္စည်ဖိုး (၁၀၀,၀၀၀/−)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး (၆,၃၀၀/−)ကျပ်၊ စုစုပေါင်း(၁၀၆,၃၀၀/-)ကျပ် (ကျပ်တစ်သိန်းခြောက်ထောင့်သုံးရာတိတိ)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးတို့အား (၇.၄.၂၀၁၉)ရက်နေ့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ အနာဂါတ်အလင်းရောင်လူငယ် ဖွံ့ဖြိုးရေးအသင်း ဥက္ကဌ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ မီးဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း … Read more
-
လေပြင်းဒဏ်ခံနိုင်မှုအားနည်းသည့် နေအိမ်များအား မွမ်းမံပြင်ဆင်မှုများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ ကျေးရွာရှိ စေတနာ့ဝန်ထမ်းလူငယ်များနှင့် ပူးပေါင်း၍ (၉-၄-၂၀၁၉) ရက်နေ့တွင် ဓနုဖြူမြို့နယ်၊ ဖုန်းဆိုးတောင်ကျးရွာအုပ်စု၊ တောင်ဇီးကျေးရွာ၌ လေပြင်းဒဏ်ခံနိုင်မှုအားနည်းသည့် နေအိမ်များအား နေအိမ်မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများ ကိုဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar_sgw #ayy_apr2019 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)









