လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လိုက်မြို့နယ်အတွင်း (၈-၄-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားသောလေဘေးကြောင့် ပျက်စီးခဲ့သော အိမ်ထောင်စု (၃၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၃၀) အိမ်ထောင်စုစာ၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁) အိမ်ထောင်စုစာ၊ နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၉၄၅၀၀၀) ကျပ်တိတိအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီ/ခန့်တို့နှင့်ပူးပေါင်း၍ ဘေးသင့်ပြည်သူများထံသွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။#ha_sgw
#sgg_apr2019 Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)