လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးအုပ်စုနှင့် သခွတ်ချောင်းအုပ်စုတို့မှ လေပြင်းဒဏ်ခံနိုင်ရည်အားနည်းသည့် နေအိမ်၊ အဘိုးအဘွားများနေအိမ်၊ ဆင်းရဲနွမ်းပါးပြီးမိသားစုဝင်များပြားသည့် နေအိမ် (၃၀) လုံးအား ရွေးချယ်ပြီး နေအိမ်များမွမ်းမံပြင်ဆင်မှုဆောင်ရွက်နိုင်ရန်အတွက် (၉-၄-၂၀၁၉) ရက်နေ့တွင် ကျေးရွာအုပ်စုတစ်ခုချင်းအလိုက် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာစာရေး ၊ စေတနာ့ဝန်ထမ်းလူငယ်များ၊ ကျေးရွာပြည်သူလူထုများနှင့်တွေ့ဆုံ၍ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးအတွက် နေအိမ်များ မွမ်းမံပြင်ဆင်မည့် အစီအစဉ်များအား အသေးစိတ်ဆွေးနွေးညှိနှိုင်းခြင်း၊ နေအိမ်များအား ကျေးရွာမှတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။#ar_sgw
#ayy_apr2019Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events