
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီးဦးစီးမှူးရုံးနှင့် သာပေါင်းမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၈.၄.၂၀၁၉)ရက်နေ့နှင့် (၉.၄.၂၀၁၉)ရက်နေ့ တို့၌ သာပေါင်း မြို့နယ်၊ စစ်ပင်ကြီးကျေးရွာ အုပ်စု၊ စစ်ပင်ကြီးကျေးရွာနှင့် ကျားရဲကျေးရွာအုပ်စု၊ မန်တိုင်ကျေးရွာ၊ ဝင်္ကဘာကျေးရွာတို့မှ ခိုင်ခံ့မှု အားနည်းပြီးဆင်းရဲနွမ်းပါးသည့် အဘိုးအဘွားများ နေအိမ်၊ မိသားစုဝင် များပြားပြီး ဆင်းရဲနွမ်းပါးသည့် နေအိမ်များ၊ စုစုပေါင်း နေအိမ်(၆၀)လုံးအား ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းစိစစ်ရွေးချယ်ခဲ့ပြီး နေအိမ်များ မွမ်းမံ ပြင်ဆင်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခြင်း၊ လေပြင်းဘေးအသိပညာပေး ဗွီနိုင်းပိုစတာ စိုက်ထူခြင်းများ ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။
#ar_sgw
#ayy_apr2019
Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)