Category Archives: News
-
မင်းတပ်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းတပ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၁၉)ရက်နေ့၊ (၃-၄-၂၀၁၉)ရက်နေ့က ချင်းပြည်နယ်အတွင်းရှိ၊ မင်းတပ်မြို့နယ်၊ ဘွေရှိကျေးရွာ၊ ရပ်ဒုတ်ကျေးရွာ၊ ရာတိုင်ကျေးရွာနှင့် ရောင်လောင်းကျေးရွာတို့၌ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၇)လုံး (တစ်စိတ်တစ်ပိုင်းပျက်စီး)၊ လူဦးရေ (၃၆)ဦးနှင့် ဘုန်းကြီးကျောင်း (၁)ကျောင်း(တစ်စိတ်တစ်ပိုင်းပျက်စီး)မှုအတွက် ထောက်ပံ့တန်ဖိုးငွေ(၁၂၉,၅၇၀)ကျပ်ရှိသော ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး၊ ကယ်ဆယ်ရေးရန်ပုံငွေမှ (၈၇၅,၆၀၀)ကျပ်နှင့် သင်္ကန်း(၁)စုံတို့အား (၁၁-၄-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောင်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ကြာကန်ကျေးရွာ၊ ဦးပျိုလု(တဲတိုက်)၊ ဒေါ်မာတူး(တဲတိုက်)၊ အရှေ့မြောက်ကုန်း(မြောက်ဖျား) ရှိ ပြည်သူများ သောက်သုံး ရေများ ပြတ်လပ်လျက်ရှိသော အိမ်ခြေ (၁၁၇) လုံး၊ အိမ်ထောင်စု (၁၂၄) စု၊ လူဦးရေ (၆၁၃) ဦးခန့် အတွက် သောက်သုံးရေ ဂါလံ (၆၀၀၀) ကို (၁၁-၄-၂၀၁၉) ရက်နေ့၊ (၁၀း၃၀) နာရီအချိန်တွင် သွားရောက် ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၄-၂၀၁၉) ရက်နေ့တွင် ဇီးကုန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထူးခိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ မြို့နယ်ထွေအုပ်မှ တာဝန်ရှိသူများနှင့်အတူ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းးမြို့နယ်၊ တောင်ပို့သာယာကျေးရွာ အုပ်စု၊ ပေါက်ပင်ဆိပ်ကျေးရွာသို့ သွားရောက်၍ လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar_sgw #bgo_apr2019 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူပူးပေါင်း၍ အင်္ဂပူ မြို့နယ်၊ ကုန်းပြင်အုပ်စု၊ ကျောက်တစ်လုံးကျေးရွာတွင် (၃-၄-၂၀၁၉)ရက်နေ့ လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သော အိမ်ခြေ(၂) လုံး၊ ၎င်း အိမ်ထောင်စု (၂)စုရှိလူဦးရေ(၁၁)ဦးတို့အတွက် (၁၈,၅၁၀/-)ကျပ်တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး(၂)အိမ်ထောင်စုစာကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၂၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၂၃,၁၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၁၄၃,၁၀၀/-) ကျပ်ကိုလည်းကောင်း care myanmar ပိုက်ဖျာ(၂)ချပ်ကိုလည်းကောင်း၊ (၁၁-၄-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ အရောက်ထောက်ပံပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_apr2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး … Read more
-
မင်းကင်းမြို့နယ်ဦးစီးမှူးရုံးသစ်ဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းဒေသကြီးအတွင်းရှိ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးကို ကယ်ဆယ်ရေးပစ္စည်း အိမ်ထောင်စု (၂၀၀)စာဖြင့် (၁၁-၄-၂၀၁၉)နေ့ (၁၀၀၀) နာရီအချိန်တွင် ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်၊ ကုက္ကိုဝကျေးရွာအုပ်စု ကုက္ကိုဝကျးရွာ၌ (၇-၄-၂၀၁၉) ရက်နေ့တွင် ကမ်းပြို ဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် အိမ်ထောင်စုတစ်စုလျှင် ကယ်ဆယ် ရေးပစ္စည်း (၁၀) မျိုး၊ အလှူပစ္စည်း Care Myanmar ပိုက်ဖျာ (၁) ချပ်၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ အိမ်ထောင်စု (၁)စုအတွက် (၁၀၀,၀၀၀/-)ကျပ် လူဦးရေ (၁) ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၂,၁၀၀/-)ကျပ် … Read more
-
လေပြင်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၄-၂၀၁၉) ရက်နေ့တွင် ခြင်ဘို့အုပ်စု၊ ခြင်ဘို့ကျေးရွာ၊ အလယ်ရွာကျေးရွာ၊ ပေါက်ကုန်းကျေးရွာ၊ ဒါးကကျေးရွာ၊ ကျွန်းဦးကျေးရွာ၊ ဆိပ်သာကျေးရွာ၊ ကျွန်းထိပ်ကျေးရွာ၊ ပေါက်တောကျေးရွာ၊ ကျောက်ရဲကျေးရွာ၊ ကြွက်ကျွန်းကျေးရွာနှင့် သဲရိုးကျေးရွာများရှိ အိမ်ခြေ (၃၀) လုံးအား ကျေးရွာအုပ်စုကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ စေတနာ့ဝန်ထမ်းများနှင့်အတူ လေဘေး ဒဏ်ခံနိုင်ရည်ရှိသော နေအိမ်များဖြစ်စေရန်အတွက် အိမ်များအား ပြုပြင်မွမ်းမံခြင်းများဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။#ar_sgw #ayy_apr2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မိုးသက်လေပြင်းကြောင့် ပြိုကျခဲ့သောအိမ်ခြေများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၄-၂၀၁၉)ရက်နေ့တွင် တနင်္သာရီမြို့နယ်၊ တမုတ်ချုံး ကျေးရွာ၌ မိုးသက်လေပြင်းကြောင့် ပြိုကျခဲ့သောအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀၀/-)၊ ကယ်ဆယ်ရေးပစ္စည်း(၁၅) မျိုး(၃)အိမ်ထောင်စာနှင့် လူဦးရေ(၁၂)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၂၅၂၀၀/-)တို့ကို (၁၁-၄-၂၀၁၉)ရက်နေ့ (၁၀း၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူထံသို့ သွားရောက် ထောင်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) # ha_sgw # tny_apr2019
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ဆိပ်ဖူးကျေးရွာ၌ (၉-၄-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁) လုံးမှ အိမ်ထောင်စု (၁) စုဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀,၀၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး (၁) အိမ်ထောင်စုစာအားလည်းကောင်း၊ ရွာဘင်းကျေးရွာ၌ နေအိမ်(၁)လုံးမှ အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀,၀၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး (၁) အိမ်ထောင်စုစာအားလည်းကောင်း၊ (၁၀-၄-၂၀၁၉) … Read more
-
လေပြင်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကြိုကာလဖြစ်သော ဧပြီလနှင့် မေလများတွင် လေပြင်းဘေးအန္တရာယ်များကျရောက်နိုင်သဖြင့် ခိုင်ခံ့မှုအားနည်းသော နေအိမ်များအား ( ၉-၄-၂၀၁၉ ) နေ့တွင် ဟင်္သာတမြို့နယ်၊ အိပ်ပျက်အုပ်စု၊ ငှက်ပျောတောကျေးရွာ၌ အိမ်ခြေ (၃၀) လုံးအား ကျေးရွာအုပ်စုကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ စေတနာ့ဝန်ထမ်းများနှင့်အတူ လေဘေးဒဏ်ခံနိုင်ရည်ရှိသော နေအိမ် များဖြစ်စေရန်အတွက် ပြုပြင်မွမ်းမံခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။#ar_sgw #ayy_apr2019Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)









