လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ကြာကန်ကျေးရွာ၊ ဦးပျိုလု(တဲတိုက်)၊ ဒေါ်မာတူး(တဲတိုက်)၊ အရှေ့မြောက်ကုန်း(မြောက်ဖျား) ရှိ ပြည်သူများ သောက်သုံး ရေများ ပြတ်လပ်လျက်ရှိသော အိမ်ခြေ (၁၁၇) လုံး၊ အိမ်ထောင်စု (၁၂၄) စု၊ လူဦးရေ (၆၁၃) ဦးခန့် အတွက် သောက်သုံးရေ ဂါလံ (၆၀၀၀) ကို (၁၁-၄-၂၀၁၉) ရက်နေ့၊ (၁၀း၃၀) နာရီအချိန်တွင် သွားရောက် ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
#ha_drg
#mgy_apr2019