လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၄-၂၀၁၉) ရက်နေ့တွင် ခြင်ဘို့အုပ်စု၊ ခြင်ဘို့ကျေးရွာ၊ အလယ်ရွာကျေးရွာ၊ ပေါက်ကုန်းကျေးရွာ၊ ဒါးကကျေးရွာ၊ ကျွန်းဦးကျေးရွာ၊ ဆိပ်သာကျေးရွာ၊ ကျွန်းထိပ်ကျေးရွာ၊ ပေါက်တောကျေးရွာ၊ ကျောက်ရဲကျေးရွာ၊ ကြွက်ကျွန်းကျေးရွာနှင့် သဲရိုးကျေးရွာများရှိ အိမ်ခြေ (၃၀) လုံးအား ကျေးရွာအုပ်စုကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ စေတနာ့ဝန်ထမ်းများနှင့်အတူ လေဘေး ဒဏ်ခံနိုင်ရည်ရှိသော နေအိမ်များဖြစ်စေရန်အတွက် အိမ်များအား ပြုပြင်မွမ်းမံခြင်းများဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။#ar_sgw
#ayy_apr2019
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)