
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူပူးပေါင်း၍ အင်္ဂပူ မြို့နယ်၊ ကုန်းပြင်အုပ်စု၊ ကျောက်တစ်လုံးကျေးရွာတွင် (၃-၄-၂၀၁၉)ရက်နေ့ လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သော အိမ်ခြေ(၂) လုံး၊ ၎င်း အိမ်ထောင်စု (၂)စုရှိလူဦးရေ(၁၁)ဦးတို့အတွက် (၁၈,၅၁၀/-)ကျပ်တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး(၂)အိမ်ထောင်စုစာကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၂၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၂၃,၁၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၁၄၃,၁၀၀/-) ကျပ်ကိုလည်းကောင်း care myanmar ပိုက်ဖျာ(၂)ချပ်ကိုလည်းကောင်း၊ (၁၁-၄-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ အရောက်ထောက်ပံပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ayy_apr2019
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)