လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၄-၂၀၁၉)ရက်နေ့တွင် တနင်္သာရီမြို့နယ်၊ တမုတ်ချုံး ကျေးရွာ၌ မိုးသက်လေပြင်းကြောင့် ပြိုကျခဲ့သောအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀၀/-)၊ ကယ်ဆယ်ရေးပစ္စည်း(၁၅) မျိုး(၃)အိမ်ထောင်စာနှင့် လူဦးရေ(၁၂)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၂၅၂၀၀/-)တို့ကို (၁၁-၄-၂၀၁၉)ရက်နေ့ (၁၀း၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူထံသို့ သွားရောက် ထောင်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
# ha_sgw
# tny_apr2019