လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

11 Pic_01 11 Pic_02လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ဆိပ်ဖူးကျေးရွာ၌ (၉-၄-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁) လုံးမှ အိမ်ထောင်စု (၁) စုဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀,၀၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး (၁) အိမ်ထောင်စုစာအားလည်းကောင်း၊ ရွာဘင်းကျေးရွာ၌ နေအိမ်(၁)လုံးမှ အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀,၀၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး (၁) အိမ်ထောင်စုစာအားလည်းကောင်း၊ (၁၀-၄-၂၀၁၉) ရက်နေ့တွင် ကျွန်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၌ ဘေးသင့်ပြည်သူထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#sgg_apr2019

Source:         ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)

 

 

Sign Up

Upcoming Events