Category Archives: News
-
သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ဘောလခဲမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများနှင့်အတူ (၁၀.၄.၂၀၁၉) ရက်နေ့တွင် ဒီမော့ဆိုမြို့နယ်၊ ဒေါဖုကျေးရွာအုပ်စု၊ ဒေါပဲ့ဒူကျေးရွာ၊ ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာအုပ်စု၊ ဒေါသဲ ကျေးရွာနှင့် ထားလဲကျေးရွာ၊ ဒိုးပရယ်ကျေးရွာအုပ်စု၊ လျားဒူကျေးရွာနှင့် ထီးလျားဆိုကျေးရွာ၊ ဘောလခဲမြို့နယ်၊ ဘူးခူကျေးရွာအုပ်စု၊ ဘူးခူကျေးရွာ စုစုပေါင်းကျေးရွာ(၆)ရွာသို့ ဂါလံ(၁၀၀၀)ဆံ့ရေသယ်ယာဉ်(၂)စီး၊ ဂါလံ(၁၂၀၀) ဆံ့ရေသယ်ယာဉ်(၁)စီး၊ ဂါလံ(၁၆၀၀)ဆံ့ ရေသယ်ယာဉ်(၁)စီး၊ ဂါလံ(၇၅၀)ဆံ့ရေသယ်ယာဉ်(၁)စီး၊ ဂါလံ(၅၀၀)ဆံ့ရေသယ်ယာဉ်(၁)စီး စုစုပေါင်းရေသယ်ယာဉ်(၆)စီးဖြင့် သောက်သုံးရေ သွားရောက်ဖြန့်ဝေပေး … Read more
-
လေပြင်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၁-၄-၂၀၁၉) ရက်နေ့တွင် လေးမျက်နှာမြို့နယ်၊ သခွတ်ချောင်းကျေးရွာအုပ်စုနှင့် ပန်းတောကြီးကျေးရွာ အုပ်စုတို့၌ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးအဖြစ်နေအိမ်များ မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများအားဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါ သည်။#ar_sgw #ayy_apr2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၄-၂၀၁၉)ရက်နေ့ မနက်(၀၁း၄၅)နာရီအချိန်၌မီးဘေးဖြစ်ပွားမှုကြောင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ကျောင်းကုန်းကျေးရွာအုပ်စု၊ ရေနီကျေးရွာ၌ မီးဘေးသင့်အိမ်ခြေ(၆)လုံး၊ အိမ်ထောင်စု(၆)စု၊ ဘေးသင့်လူဦးရေ(၃၃)ဦး မီးဘေးသင့်ခဲ့ခြင်းအတွက်အိမ်ဆောက်ပစ္စည်းဖိုး(၆၀၀,၀၀၀)၊ ဆန်ရိက္ခာဖိုး(၆၉,၃၀၀)၊ စုစုပေါင်း(၆၆၉,၃၀၀) (ကျပ်ခြောက်သိန်းခြောက်သောင်းကိုးထောင့်သုံးရာကျပ်တိတိ)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၄)ပုံးနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုးပါ (၂)ပုံးတို့အား (၁၁-၄-၂၀၁၉)ရက်နေ့တွင် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်၊ ပေါက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာအုန်း၊ ကမ္ဘာမြေချစ်သူ(ကမ္မ)မှ ဦးမင်းတာတို့နှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး မီးဘေးသင့်အိမ်များသို့ … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈-၄-၂၀၁၉) ရက်နေ့တွင် ဟိုပန်ခရိုင်၊ ဟိုပန်မြိုနယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့်မိန်းပန်း”ဝ”ရပ်ကွက်နှင့် အားဝေါ်ကျိုင်းကျေးရွာအုပ်စုတို့၌ သွပ်မိုး၊ ထရံကာ နေအိမ် (၂) လုံး အမိုးလန်ပျက်စီးခဲ့ရာ အဆိုပါလေဘေးသင့်နေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေပစ္စည်း (၁၀) မျိုး (၂) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ်တို့ိုအား (၉-၄-၂၀၁၉) ရက်နေ့တွင် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှတဆင့် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။#ha_sgw #shn_apr2019 Source: ဟိုပန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မအူပင်ခရိုင်ဦးစီးမှူးရုံးမှ လေပြင်းဒဏ်ခံနိုင်ရည်အားနည်းသည့်နေအိမ်များအားမွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ကျေးရွာရှိ စေတနာ့ဝန်ထမ်း လူငယ်များနှင့် ပူးပေါင်း၍ (၁၁-၄-၂၀၁၉) ရက်နေ့၌ မအူပင်မြို့နယ်၊ တလုပ်လတ်ကျေးရွာအုပ်စု၊ အလန်းအုပ်ကျေးရွာတွင် လေပြင်းဒဏ်ခံနိုင်ရည် အားနည်းသည့် နေအိမ်များအား နေအိမ်မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၁) အုပ်စု၌ (၈-၄-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သော အမိုးလန် လူ နေအိမ် (၁၆၉) အိမ်နှင့် ဘုန်းကြီးကျောင်း (၃) ကျောင်းအတွက် အိမ်ဆောက်/ ကျောင်းဆောက် ပစ္စည်း ဖိုးထောက်ပံ့ငွေ(၇,၀၂၀,၀၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး (၁၆၉) အိမ်ထောင်စာ၊ ကန့်ဘလူ မြို့နယ် ကျေးရွာအုပ်စု (၄) အုပ်စု၌ (၉-၄-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် … Read more
-
လေပြင်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၄-၂၀၁၉) ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ အင်္ဂရမ်းအုပ်စု၊ ဥသျှစ်ကုန်းအရှေ့ကျေးရွာ၊ ဥသျှစ် ကုန်းအနောက်ကျေးရွာ၊ သောင်စုကျေးရွာ၊ တာနားစုကျေးရွာ၊ ရဲဒီကျေးရွာ၊ ကျွဲတဲကုန်းကျေးရွာ၊ သပြုဆိပ်ကျေးရွာ၊ ရွာသစ်ကြီးကျေးရွာ၊ မအူကုန်းကျေးရွာ၊ ကမ်းနားလက်ပံစုကျေးရွာ၊ အရှေ့လက်ပံစုကျေးရွာ၊ အနောင်လက်ပံစုကျေးရွာနှင့် ရေလဲကျေးရွာရှိ အိမ်ခြေများ အနက် ခိုင်ခံ့မှုအားနည်းသော အိမ်ခြေ (၃၀) လုံးအား မိုးကြိုကာလဖြစ်သော ဧပြီလနှင့် မေလများတွင် လေပြင်းဘေးအန္တရာယ်များကျရောက်နိုင် သဖြင့် ကျေးရွာအုပ်စုကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ စေတနာ့ဝန်ထမ်းများနှင့်အတူ လေဘေးဒဏ်ခံနိုင်ရည်ရှိသော နေအိမ်များ … Read more
-
ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၄-၂၀၁၉)ရက်နေ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်အတွင်း ကျေးရွာအုပ်စု(၂)စု၊ ကျေးရွာ(၂)ရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် ထပ်တိုးအိမ်ခြေ (၉)လုံး အမိုးလန်ပျက်စီးမှုကြောင့် ကယ်ဆယ်ရေးပစ္စည်း(၅)မျိုး(ကျားလုံချည်၊မလုံချည်၊တဘက်၊တီရှပ်၊ဆပ်ပြာ)(၉)အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ (၁၇၀,၀၀၀)ကျပ်အား (၁၁-၄-၂၀၁၉)ရက်နေ့တွင် သွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
လေပြင်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၄-၂၀၁၉) နေ့၌ ဟင်္သာတမြို့နယ်၊ သမ္ဘရာတိုင်းအုပ်စု၊ သမ္ဘရာတိုင်းကျေးရွာ၊ ဝဲကြီးကျေးရွာ အောက်ထုံးကျေးရွာ၊ စည်ပင်သာယာကျေးရွာ၊ ရေလဲကျေးရွာ၊ ညောင်ကွေ့ကျေးရွာ၊ နပဲကုန်းကျေးရွာ၊ ချင်းကုန်းကျေးရွာ၊ ဂျောင်းစိန်ကျေးရွာနှင့် ဂျို့ကုန်းကျေးရွာများရှိ အိမ်ခြေများအနက်မှ ခိုင်ခံ့မှုအားနည်းသောနေအိမ်များအားအိမ်ခြေ (၃၀) လုံးအား မေလများတွင် လေပြင်းဘေးအန္တရာယ်များကျရောက်နိုင်သဖြင့် ကျေးရွာအုပ်စုကော်မတီဝင်များ၊ ရပ်မိရပ်ဖများ စေတနာ့ဝန်ထမ်းများ၊ နှင့်အတူ လေဘေးဒဏ်ခံနိုင်ရည်ရှိသော နေအိမ်များဖြစ်စေရန်အတွက် အိမ်များအား ပြုပြင်မွမ်းမံခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_sgw #ayy_apr2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေပြင်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၉-၄-၂၀၁၉) နေ့၌ ဟင်္သာတမြို့နယ်၊ ပဲကြီးကျွန်းအုပ်စု၊ ရေလယ်ကျွန်းကျေးရွာရှိ ခိုင်ခံမှုအားနည်း သောနေအိမ် (၃၀) လုံးအား ဧပြီလနှင့် မေလများတွင် လေပြင်းဘေးအန္တရာယ်များကျရောက်နိုင်သဖြင့် ကျေးရွာအုပ်စုကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ စေတနာ့ဝန်ထမ်းများနှင့်အတူ လေဘေးဒဏ်ခံနိုင်ရည်ရှိသော နေအိမ်များဖြစ်စေရန်အတွက် အိမ်များအားပြုပြင် မွမ်းမံခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိပါသည်။#ar_sgw #ayy_apr2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)









