လေပြင်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၄-၂၀၁၉) ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ အင်္ဂရမ်းအုပ်စု၊ ဥသျှစ်ကုန်းအရှေ့ကျေးရွာ၊ ဥသျှစ် ကုန်းအနောက်ကျေးရွာ၊ သောင်စုကျေးရွာ၊ တာနားစုကျေးရွာ၊ ရဲဒီကျေးရွာ၊ ကျွဲတဲကုန်းကျေးရွာ၊ သပြုဆိပ်ကျေးရွာ၊ ရွာသစ်ကြီးကျေးရွာ၊ မအူကုန်းကျေးရွာ၊ ကမ်းနားလက်ပံစုကျေးရွာ၊ အရှေ့လက်ပံစုကျေးရွာ၊ အနောင်လက်ပံစုကျေးရွာနှင့် ရေလဲကျေးရွာရှိ အိမ်ခြေများ အနက် ခိုင်ခံ့မှုအားနည်းသော အိမ်ခြေ (၃၀) လုံးအား မိုးကြိုကာလဖြစ်သော ဧပြီလနှင့် မေလများတွင် လေပြင်းဘေးအန္တရာယ်များကျရောက်နိုင် သဖြင့် ကျေးရွာအုပ်စုကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ စေတနာ့ဝန်ထမ်းများနှင့်အတူ လေဘေးဒဏ်ခံနိုင်ရည်ရှိသော နေအိမ်များ ဖြစ်စေရန်အတွက် အိမ်များအား ပြုပြင်မွမ်းမံခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။#ar_sgw
#ayy_apr2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events