ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၄-၂၀၁၉)ရက်နေ့ မနက်(၀၁း၄၅)နာရီအချိန်၌မီးဘေးဖြစ်ပွားမှုကြောင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ကျောင်းကုန်းကျေးရွာအုပ်စု၊ ရေနီကျေးရွာ၌ မီးဘေးသင့်အိမ်ခြေ(၆)လုံး၊ အိမ်ထောင်စု(၆)စု၊ ဘေးသင့်လူဦးရေ(၃၃)ဦး မီးဘေးသင့်ခဲ့ခြင်းအတွက်အိမ်ဆောက်ပစ္စည်းဖိုး(၆၀၀,၀၀၀)၊ ဆန်ရိက္ခာဖိုး(၆၉,၃၀၀)၊ စုစုပေါင်း(၆၆၉,၃၀၀) (ကျပ်ခြောက်သိန်းခြောက်သောင်းကိုးထောင့်သုံးရာကျပ်တိတိ)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၄)ပုံးနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုးပါ (၂)ပုံးတို့အား (၁၁-၄-၂၀၁၉)ရက်နေ့တွင် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်၊ ပေါက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာအုန်း၊ ကမ္ဘာမြေချစ်သူ(ကမ္မ)မှ ဦးမင်းတာတို့နှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး မီးဘေးသင့်အိမ်များသို့ သွားရောက်ကြည့်ရှု့အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events