လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၁) အုပ်စု၌ (၈-၄-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သော အမိုးလန် လူ နေအိမ် (၁၆၉) အိမ်နှင့် ဘုန်းကြီးကျောင်း (၃) ကျောင်းအတွက် အိမ်ဆောက်/ ကျောင်းဆောက် ပစ္စည်း ဖိုးထောက်ပံ့ငွေ(၇,၀၂၀,၀၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး (၁၆၉) အိမ်ထောင်စာ၊ ကန့်ဘလူ မြို့နယ် ကျေးရွာအုပ်စု (၄) အုပ်စု၌ (၉-၄-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန် လူနေအိမ် (၁၂) အိမ်မှ အိမ်ထောင်စု (၁၂) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၈၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး (၁၂) အိမ်ထောင်စာ၊ စုစုပေါင်း ထောက်ပံ့ငွေ (၇,၅၀၀,၀၀၀/-) ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး (၁၈၁) အိမ်ထောင်စာတို့အား (၁၁-၄-၂၀၁၉) ရက်နေ့တွင် ကန့်ဘလူ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw
#sgg_apr2019

Sign Up

Upcoming Events