လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၄-၂၀၁၉)ရက်နေ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်အတွင်း ကျေးရွာအုပ်စု(၂)စု၊ ကျေးရွာ(၂)ရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် ထပ်တိုးအိမ်ခြေ (၉)လုံး အမိုးလန်ပျက်စီးမှုကြောင့် ကယ်ဆယ်ရေးပစ္စည်း(၅)မျိုး(ကျားလုံချည်၊မလုံချည်၊တဘက်၊တီရှပ်၊ဆပ်ပြာ)(၉)အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ (၁၇၀,၀၀၀)ကျပ်အား (၁၁-၄-၂၀၁၉)ရက်နေ့တွင် သွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။