လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ဘောလခဲမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများနှင့်အတူ (၁၀.၄.၂၀၁၉) ရက်နေ့တွင် ဒီမော့ဆိုမြို့နယ်၊ ဒေါဖုကျေးရွာအုပ်စု၊ ဒေါပဲ့ဒူကျေးရွာ၊ ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာအုပ်စု၊ ဒေါသဲ ကျေးရွာနှင့် ထားလဲကျေးရွာ၊ ဒိုးပရယ်ကျေးရွာအုပ်စု၊ လျားဒူကျေးရွာနှင့် ထီးလျားဆိုကျေးရွာ၊ ဘောလခဲမြို့နယ်၊ ဘူးခူကျေးရွာအုပ်စု၊ ဘူးခူကျေးရွာ စုစုပေါင်းကျေးရွာ(၆)ရွာသို့ ဂါလံ(၁၀၀၀)ဆံ့ရေသယ်ယာဉ်(၂)စီး၊ ဂါလံ(၁၂၀၀) ဆံ့ရေသယ်ယာဉ်(၁)စီး၊ ဂါလံ(၁၆၀၀)ဆံ့ ရေသယ်ယာဉ်(၁)စီး၊ ဂါလံ(၇၅၀)ဆံ့ရေသယ်ယာဉ်(၁)စီး၊ ဂါလံ(၅၀၀)ဆံ့ရေသယ်ယာဉ်(၁)စီး စုစုပေါင်းရေသယ်ယာဉ်(၆)စီးဖြင့် သောက်သုံးရေ သွားရောက်ဖြန့်ဝေပေး ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_drg
#kyh_apr2019
Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)