Category Archives: News
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ ကန်ဘက်ကျေးရွာအုပ်စု၊ ကန်ဘက်ကျေးရွာ၌ (၂၁-၄-၂၀၁၉) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာနေပြည်သူ (၁၅၀) ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား ဘေးရှစ်မျိုးလက်ကမ်းစာစောင်များဝေငှခြင်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ဗွီနိုင်းပိုစတာများပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2019 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၄-၂၀၁၉)ရက်နေ့ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ကူးတို့ကုန်းကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ထန်းတောကြီးကျေးရွာ၊ အလယ်တောကျေးရွာ၊ တုံရွာမကျေးရွာတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်အိမ်ခြေ(၁၆)လုံး၊ ပြိုကျအိမ်ခြေ(၁)လုံးတို့အတွက် စုစုပေါင်းအိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၄၅၀,၀၀၀)ကျပ်နှင့် (၁၆)အိမ်ထောင်စာအတွက် ကယ်ဆယ်ရေးပစ္စည်း(၅)မျိုးနှင့် (၁)အိမ်ထောင်စာအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးတို့အား (၂၀-၄-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိ အရပ်ဖက်လူမှုအဖွဲ့ အစည်းများနှင့် ညှိနှိုင်းဆွေးနွေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ယမန်နေ့ညနေပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိ ဆောက်လုပ်ရေးရိပ်သာ၊ အစည်းအဝေးခန်းမ၌ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဒေသခံများနှင့်တွေ့ဆုံ၍ လူမှုကာကွယ်စောင့်ရှောက်ရေး၊ သဘာဝဘေး ကာကွယ်ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများကို ပူပေါင်းဆောင်ရွက်ရန်နှင့် လိုအပ်ချက် များကို ဖြည့်ဆည်းပေးရန် ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အရပ်ဖက်လူမှုအဖွဲ့အစည်းများသည် ပြည်သူများ၏ ဒုက္ခအမျိုးမျိုးကို ကူညီကယ်တင်ပေးနေကြခြင်းဖြစ်သဖြင့် မိမိတို့ဝန်ကြီးဌာန၏ လုပ်ငန်း ဆောင်ရွက်ချက်များနှင့် အတူတကွပူးပေါင်းခြင်းဖြင့် ပြည်သူ့အကျိုးကို ပိုမိုဆောင်ရွက် ပေးနိုင်မည် ဖြစ်ပါကြောင်း၊ ပူးပေါင်းဆောင်ရွက်သည့်အတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ အစိုးရအနေဖြင့် … Read more
-
ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၄-၂၀၁၉)ရက်နေ့ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ လက်ပန်းတောင်းကျေးရွာအုပ်စု၊ ရွာသစ်ကလေးကျေးရွာတွင်လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်အိမ်ခြေ (၃၄)လုံးနှင့် ပြိုကျအိမ်ခြေ (၅)လုံးအတွက်၊ စုစုပေါင်း အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၈၁၀,၀၀၀)ကျပ်၊ (၃၄)အိမ်ထောင်စာအတွက် ကယ်ဆယ်ရေးပစ္စည်း(၅)မျိုး နှင့် (၅)အိမ်ထောင်စာအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးတို့အား (၁၉-၄-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ လေပြင်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကြိုကာလဖြစ်သော ဧပြီလနှင့် မေလများတွင် လေပြင်းဘေးအန္တရာယ်များကျရောက်နိုင်သဖြင့် ကြံခင်းမြို့နယ်၊ ကလို့ကွင်းအုပ်စု၊ ကြို့ကုန်းကျေးရွာ၊ ဘက်ရဲမြို့၊ အမှတ်(၁)၊ အမှတ်(၂)ရပ်ကွက်၊ ဇီးပင်ကွင်းအုပ်စု၊ ပိုးစုကြီးအုပ်စု၊ ပိန္နဲကွင်းအုပ်စု၊ ပက်မခမ်းအုပ်စုနှင့် အုတ်တွင်းအုပ်စုအတွင်းရှိ နေအိမ်များအနက်မှ (၁)အုပ်စုလျှင်အိမ်ခြေ (၃၀)လုံးစီကို (၂၀-၄-၂၀၁၉)ရက်နေ့တွင် ကျေးရွာအုပ်စု/ရပ်ကွက်ကော်မတီဝင်များ၊ ရပ်မိ/ရပ်ဖများ၊ စေတနာ့ဝန်ထမ်းများနှင့်အတူ လေဘေးဒဏ်ခံနိုင်ရည်ရှိသော နေအိမ်များဖြစ်စေရန်အတွက် အိမ်များအား ပြုပြင်မွမ်းမံခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် လေပြင်းဘေးကြိုတင်ပြင်ဆင်ထားသည့် နေအိမ်များကိုကြည်ရှု့စစ်ဆေးပြီး သဘာဝဘေးနှင့်ပတ်သတ်၍ ပြည်သူများကိုဆောင်ရန်/ရှောင်ရန် အသိပညာပေးဆွေးနွေးပွဲပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
-
ချင်းပြည်နယ်၌ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး သွားရောက်ဆောင်ရွက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ချင်းပြည်နယ်အတွင်း၌ လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက ချင်းပြည်နယ်၊ ဖလမ်းမြို့သို့ ရောက်ရှိပြီး ဖလမ်းမြို့၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖ များနှင့်တွေ့ဆုံပြီး ဝန်ကြီးဌာနက လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ဘေးအန္တရာယ် ဆိုင်ရာလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးုလုပ်ငန်းများဆိုင်ရာ တိုးချဲ့ဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးရာတွင် ဘက်စုံသုံးဘေးဒဏ်ခံအဆောက်အဦ (Multipurpose Cyclone … Read more
-
ကယားပြည်နယ်ဦးစီးမှူးရုံးမှ သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၉-၄-၂၀၁၉)ရက်နေ့က ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာအုပ်စု၊ ဒေါတထောကျေးရွာ၊ ခိုးရားခူကျေးရွာ၊ ဒိုးပရယ်ကျေးရွာအုပ်စု၊ လျားဒူကျေးရွာနှင့် ဒီးဒူးလယ်ကျေးရွာများသို့ ရေဂါလံ(၁၀၀၀)ဆံ့ ရေသယ်ယာဉ် (၄)စီး၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာအုပ်စု၊ ဒေါကော့ကျေးရွာသို့ ဂါလံ(၃၀၀၀)ဆံ့ ရေသယ်ယာဉ်(၁)စီး စုစုပေါင်းရေသယ်ယာဉ် (၅)စီးဖြင့် ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများနှင့်အတူ ကျေးရွာနေပြည်သူများထံသို့ သောက်သုံးရေများဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
-
ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သနပ္ပင်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့်အောင်နှင့်အတူ (၂၀-၄-၂၀၁၉) ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ္ပင်မြို့နယ်၊ ကုက္ကိုကျေးရွာအုပ်စုသို့ သွားရောက်၍ လေဘေးကြိုတင်ကာကွယ်ရေး အိုးအိမ်ပြုပြင်မှုလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲအား (၂၀-၄-၂၀၁၉) ရက်နေ့နံနက် (၁၀၀၀)နာရီမှ (၁၂၀၀)နာရီအချိန်ထိ လပွတ္တာမြို့နယ်၊ ကျောက်ဖြူကျေးရွာအုပ်စု၊ ကျောက်ဖြူကျေးရွာမှ ကျေးရွာနေပြည်သူ (၁၀၀) ဦးခန့်တို့အားလည်းကောင်း၊ နေ့လည် (၁၃၀၀)နာရီမှ (၁၄၃၀)နာရီအချိန်ထိ ကျောက်မှော်ကျေးရွာအုပ်စု၊ ကျောက်မှော်ကျေးရွာမှ ပြည်သူ (၁၂၀) ဦးခန့်တို့အားလည်းကောင်း ဘေး( ၈)မျိုး လက်ကမ်းစာစောင်များဝေငှခြင်း၊ ဗွီနှိုင်းပိုစတာများအားကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ပေးအပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၄-၂၀၁၉)ရက်နေ့က ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ဇံမွှေးကျေးရွာအုပ်စု၊ ဇံမွေးကျေးရွာတွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်အိမ်ခြေ (၈) လုံး၊ အိမ်ထောင်စု (၈)စု၊ လူဦးရေ (၃၇) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၃၅,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇၇,၇၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး အိမ်ထောင်စု (၈) စုစာတို့အား (၂၀-၄-၂၀၁၉) ရက်နေ့၊ (၁၂၀၀) နာရီအချိန်တွင် ဇံမွှေးကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများ၏ … Read more









