လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲအား (၂၀-၄-၂၀၁၉) ရက်နေ့နံနက် (၁၀၀၀)နာရီမှ (၁၂၀၀)နာရီအချိန်ထိ လပွတ္တာမြို့နယ်၊ ကျောက်ဖြူကျေးရွာအုပ်စု၊ ကျောက်ဖြူကျေးရွာမှ ကျေးရွာနေပြည်သူ (၁၀၀) ဦးခန့်တို့အားလည်းကောင်း၊ နေ့လည် (၁၃၀၀)နာရီမှ (၁၄၃၀)နာရီအချိန်ထိ ကျောက်မှော်ကျေးရွာအုပ်စု၊ ကျောက်မှော်ကျေးရွာမှ ပြည်သူ (၁၂၀) ဦးခန့်တို့အားလည်းကောင်း ဘေး( ၈)မျိုး လက်ကမ်းစာစောင်များဝေငှခြင်း၊ ဗွီနှိုင်းပိုစတာများအားကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ပေးအပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။