ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၄-၂၀၁၉)ရက်နေ့က ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ဇံမွှေးကျေးရွာအုပ်စု၊ ဇံမွေးကျေးရွာတွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်အိမ်ခြေ (၈) လုံး၊ အိမ်ထောင်စု (၈)စု၊ လူဦးရေ (၃၇) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၃၅,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇၇,၇၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး အိမ်ထောင်စု (၈) စုစာတို့အား (၂၀-၄-၂၀၁၉) ရက်နေ့၊ (၁၂၀၀) နာရီအချိန်တွင် ဇံမွှေးကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events