ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ လေပြင်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

21 pic_02 21 pic_03 21 pic_04 21 pic_05 21 pic_06

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကြိုကာလဖြစ်သော ဧပြီလနှင့် မေလများတွင် လေပြင်းဘေးအန္တရာယ်များကျရောက်နိုင်သဖြင့် ကြံခင်းမြို့နယ်၊ ကလို့ကွင်းအုပ်စု၊ ကြို့ကုန်းကျေးရွာ၊ ဘက်ရဲမြို့၊ အမှတ်(၁)၊ အမှတ်(၂)ရပ်ကွက်၊ ဇီးပင်ကွင်းအုပ်စု၊ ပိုးစုကြီးအုပ်စု၊ ပိန္နဲကွင်းအုပ်စု၊ ပက်မခမ်းအုပ်စုနှင့် အုတ်တွင်းအုပ်စုအတွင်းရှိ နေအိမ်များအနက်မှ  (၁)အုပ်စုလျှင်အိမ်ခြေ (၃၀)လုံးစီကို (၂၀-၄-၂၀၁၉)ရက်နေ့တွင် ကျေးရွာအုပ်စု/ရပ်ကွက်ကော်မတီဝင်များ၊ ရပ်မိ/ရပ်ဖများ၊ စေတနာ့ဝန်ထမ်းများနှင့်အတူ လေဘေးဒဏ်ခံနိုင်ရည်ရှိသော နေအိမ်များဖြစ်စေရန်အတွက် အိမ်များအား ပြုပြင်မွမ်းမံခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် လေပြင်းဘေးကြိုတင်ပြင်ဆင်ထားသည့် နေအိမ်များကိုကြည်ရှု့စစ်ဆေးပြီး သဘာဝဘေးနှင့်ပတ်သတ်၍ ပြည်သူများကိုဆောင်ရန်/ရှောင်ရန်  အသိပညာပေးဆွေးနွေးပွဲပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events