လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၉-၄-၂၀၁၉)ရက်နေ့က ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာအုပ်စု၊ ဒေါတထောကျေးရွာ၊ ခိုးရားခူကျေးရွာ၊ ဒိုးပရယ်ကျေးရွာအုပ်စု၊ လျားဒူကျေးရွာနှင့် ဒီးဒူးလယ်ကျေးရွာများသို့ ရေဂါလံ(၁၀၀၀)ဆံ့ ရေသယ်ယာဉ် (၄)စီး၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာအုပ်စု၊ ဒေါကော့ကျေးရွာသို့ ဂါလံ(၃၀၀၀)ဆံ့ ရေသယ်ယာဉ်(၁)စီး စုစုပေါင်းရေသယ်ယာဉ် (၅)စီးဖြင့် ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများနှင့်အတူ ကျေးရွာနေပြည်သူများထံသို့ သောက်သုံးရေများဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။