ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၄-၂၀၁၉)ရက်နေ့ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ကူးတို့ကုန်းကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ထန်းတောကြီးကျေးရွာ၊ အလယ်တောကျေးရွာ၊ တုံရွာမကျေးရွာတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်အိမ်ခြေ(၁၆)လုံး၊ ပြိုကျအိမ်ခြေ(၁)လုံးတို့အတွက် စုစုပေါင်းအိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၄၅၀,၀၀၀)ကျပ်နှင့် (၁၆)အိမ်ထောင်စာအတွက် ကယ်ဆယ်ရေးပစ္စည်း(၅)မျိုးနှင့် (၁)အိမ်ထောင်စာအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးတို့အား (၂၀-၄-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events