Category Archives: News
-
ပြည်ခရိုင်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၄-၂၀၁၉) ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ရပ်ကွက်(၁)ခုနှင့် ကျေးရွာအုပ်စု(၁၅)စုတို့၌ လေဘေးသင့် အမိုးလန်နေအိမ်(၁၄၉)လုံး၊ ဘာသာရေးကျောင်း (၃)ကျောင်း၊ ပြိုလဲ နေအိမ်(၇)လုံးမှ လူဦးရေ (၂၇)ဦးတို့ အတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ဖိုး ထောက်ပံ့ငွေ စုစုပေါင်း (၃,၁၆၇,၅၀၀)ကျပ်၊ ပြိုလဲ (၇)အိမ်ရှိ အိမ်ထောင်စု(၇)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (ပလပ်စတစ်ပုံးပါ) (၇)အိမ်ထောင်စာအား (၂၄-၄-၂၀၁၉)ရက်နေ့တွင် ရွှေတောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက်၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဓါတ်ဆား၊ အနာကျတ်ဆေး၊ ဒဏ်ကြေလိမ်းဆေးနှင့် အလှူပစ္စည်းများ သွားရောက်လှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၄-၂၀၁၉) ရက်နေ့တွင် ဓနုဖြူမြို့နယ် အတွင်းရှိ ဓနုဖြူမြို့နယ်၊ ရွှေသံဖြူကျောင်းတိုက်၊ စိတ္တသုခကျောင်းတိုက်နှင့် အောင်ချမ်းသာ ဘုန်းတော်ကြီးသင် ပရဟိတကျောင်းတို့အတွက် ဓါတ်ဆား၊ အနာကျတ်ဆေး၊ ဒဏ်ကြေလိမ်းဆေးနှင့် အလှူပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ayy_apr2019 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
(၃၄)ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီအစည်းအဝေး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတက်ရောက်
မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်(၃၄)ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မ တီအစည်းအဝေးနှင့် အခြားဆက်စပ်အစည်းအဝေးများကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ Hilton Hotel ၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင် စု ဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးတက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။ အစည်းအဝေးကိုအာဆီယံသီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးကပြောကြားရာ တွင် အာဆီယံနိုင်ငံများအကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တန်ဖိုးထားပါကြောင်း၊ အဆိုပါ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရင်းနှီးမှုတို့ဖြင့် မိမိတို့ အာဆီယံနိုင်ငံများမှာ နှစ်ပေါင်း(၄၀)ကျော်အတူတကွ တည်ရှိခဲ့ခြင်းဖြစ်ပါကြောင်း၊ လတ်တလောတွင်ဖိလစ်ပိုင်နိုင်ငံ၌ ဖြစ်ပွား ခဲ့သည့် ငလျင်ဘေးကြောင့် အသက်ဆုံးရှုံးမှုများနှင့် ထိခိုက်ပျက်စီးမှုများအတွက်များစွာ … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား LIFT Fund အဖွဲ့ကလာရောက်တွေ့ဆုံမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား အသက်မွေးမှုနှင့်စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေအဖွဲ့ (Livelihoods and Food Security Trust Fund – LIFT Fund) အားစီမံခန့်ခွဲလျက်ရှိသောUNOPS Myanmarမှ ညွှန်ကြားရေးမှူး ဖြစ်သူ Ms. Katy Webleyဦးဆောင်သောအဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါ ဝန်ကြီးရုံး မေခလာခန်းမ၌လာရောက်တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင်LIFT Fund ကဆောင်ရွက်မည့် (၂၀၁၉-၂၀၂၃) မဟာဗျူဟာနှင့် ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းများနှင့်အစီအစဉ်များ၊ LIFT Fund ၏အကူအညီဖြင့် ရခိုင်ပြည်နယ်အတွင်းဆောင်ရွက်လျက် ရှိသည့် စီမံကိန်းများနှင့်ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ စီမံကိန်းများဆောင်ရွက်ရာတွင် ရခိုင် … Read more
-
မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ လေပြင်းဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကြိုးကာလဖြစ်သော ဧပြီ၊ မေ ကာလများတွင် လေပြင်းများကျရောက်နိုင်သဖြင့် (၂၄-၄-၂၀၁၉)ရက်နေ့၌ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့နယ်၊ ဝမ်ကောင်းကျေးရွာအုပ်စု၊ ပါမူကျေးရွာတွင် လေပြင်းဘေးအန္တရာယ်ကြံ့ကြံ့ခံနိုင်ရေးအတွက် လေပြင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဖြစ်သော လေဘေးဒဏ်ခံနိုင်ရည်ရှိသော လူနေအိမ်များဖြစ်စေရေးအတွက်မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင်များ၊ ကျေးရွာပြည်သူများနှင့်အတူပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
-
မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ လေပြင်းဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကြိုးကာလဖြစ်သော ဧပြီ၊ မေ ကာလများတွင် လေပြင်းများကျရောက်နိုင်သဖြင့် (၂၃-၄-၂၀၁၉)ရက်နေ့၌ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့နယ်၊ ဝမ်ကောင်းကျေးရွာအုပ်စု၊ ဝမ်ကောင်းကျေးရွာတွင် လေပြင်းဘေးအန္တရာယ်ကြံ့ကြံ့ခံနိုင်ရေးအတွက် လေပြင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဖြစ်သော လေဘေးဒဏ်ခံနိုင်ရည်ရှိသော လူနေအိမ်များဖြစ်စေရေးအတွက်မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင်များ၊ ကျေးရွာပြည်သူများနှင့်အတူပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၄-၂၀၁၉) ရက်နေ့၌ မိုးညိုမြို့နယ်၊ အင်းတ္တော်တလုပ်ကျေးရွာအုပ်စု၊ မကျီးကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးသင့်မှုတွင် နေအိမ် (၁) လုံးမီးဘေးသင့်ခဲ့ရာ အဆိုပါမီးဘေးသင့် (၁) အိမ်ထောင်စုစာ အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝ/-)၊ ဘေးသင့်လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၂၆၀ဝ/-) နှင့် အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁) ပုံးတို့အား (၂၄-၄-၂၀၁၉) ရက်နေ့တွင် မီးဘေးသင့်ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more
-
သောက်သုံးရေလှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ (အရှေ့ပိုင်း) ရှိ သောက်သုံးရေ ပြတ်လပ်လျက်ရှိသော အိမ်ခြေ (၁၁၀) လုံး၊ အိမ်ထောင်စု (၁၂၀) စု၊ လူဦးရေ (၅၈၀) ဦးခန့် အတွက် သောက်သုံးရေ (၆၀၀၀) ဂါလံ အား (၂၅-၄-၂၀၁၉) ရက်နေ့၊ (၀၉း၃၀) နာရီအချိန်တွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။#ha_drg #mgy_apr2109 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၊ ကယ်ဆယ်ရေးစခန်း (၄)ခုရှိ တိုက်ပွဲရှောင်ပြည်သူအိမ်ထောင်စု(၃၁၅)စု၊ လူဦးရေ(၁,၁၁၉)ဦးအတွက် ဆန်ရိက္ခာ(၁)လစာထောက်ပံ့ပေး ရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ အဆိုပါတိုက်ပွဲရှောင်ပြည်သူများအတွက် ဆန်ရိက္ခာ(၁)လစာကို သယံဇာတနှင့်ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်း၊ အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးဝင်းဇော်၊ ဦးခင်မောင်မြင့်၊ ဦးနောင်နဂျာတန်တို့နှင့်အတူ (၂၃-၄-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ #ha_otr #kcn_apr2019 Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၄-၂၀၁၉) ရက်နေ့တွင် မိုးကြိုကာလ ဖြစ်သော ဧပြီလနှင့် မေလများတွင် လေပြင်းဘေးအန္တရာယ်များကျရောက်နိုင်သဖြင့် ဇလွန်မြို့နယ်၊ သရက်တစ်ပင်မြောက်ကျေးရွာအုပ်စု၊ အညာစုကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ ကျောင်းစုကျေးရွာ၊ မြောက်စုကျေးရွာများရှိ နေအိမ်များအနက်မှ အိမ်ခြေ (၃၀) လုံးကို ကျေးရွာအုပ်စုကော်မတီဝင်များ၊ ရပ်မိ/ရပ်ဖများ စေတနာ့ဝန်ထမ်းများနှင့်အတူ လေဘေးဒဏ်ခံနိုင်ရည်ရှိသော နေအိမ်များဖြစ်စေရန် အတွက် အိမ်များအား ပြုပြင်မွမ်းမံခြင်းများ ဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar_sgw #ayy_apr2019









