လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၄-၂၀၁၉) ရက်နေ့တွင် မိုးကြိုကာလ ဖြစ်သော ဧပြီလနှင့် မေလများတွင် လေပြင်းဘေးအန္တရာယ်များကျရောက်နိုင်သဖြင့် ဇလွန်မြို့နယ်၊ သရက်တစ်ပင်မြောက်ကျေးရွာအုပ်စု၊ အညာစုကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ ကျောင်းစုကျေးရွာ၊ မြောက်စုကျေးရွာများရှိ နေအိမ်များအနက်မှ အိမ်ခြေ (၃၀) လုံးကို ကျေးရွာအုပ်စုကော်မတီဝင်များ၊ ရပ်မိ/ရပ်ဖများ စေတနာ့ဝန်ထမ်းများနှင့်အတူ လေဘေးဒဏ်ခံနိုင်ရည်ရှိသော နေအိမ်များဖြစ်စေရန် အတွက် အိမ်များအား ပြုပြင်မွမ်းမံခြင်းများ ဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar_sgw
#ayy_apr2019