ပြည်ခရိုင်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၄-၂၀၁၉) ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ရပ်ကွက်(၁)ခုနှင့် ကျေးရွာအုပ်စု(၁၅)စုတို့၌ လေဘေးသင့် အမိုးလန်နေအိမ်(၁၄၉)လုံး၊ ဘာသာရေးကျောင်း (၃)ကျောင်း၊ ပြိုလဲ နေအိမ်(၇)လုံးမှ  လူဦးရေ (၂၇)ဦးတို့ အတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ဖိုး ထောက်ပံ့ငွေ စုစုပေါင်း  (၃,၁၆၇,၅၀၀)ကျပ်၊ ပြိုလဲ (၇)အိမ်ရှိ အိမ်ထောင်စု(၇)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (ပလပ်စတစ်ပုံးပါ) (၇)အိမ်ထောင်စာအား (၂၄-၄-၂၀၁၉)ရက်နေ့တွင် ရွှေတောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့  သွားရောက်၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events