ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား LIFT Fund အဖွဲ့ကလာရောက်တွေ့ဆုံမှုသတင်း

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား အသက်မွေးမှုနှင့်စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေအဖွဲ့ (Livelihoods and Food Security Trust Fund – LIFT Fund) အားစီမံခန့်ခွဲလျက်ရှိသောUNOPS Myanmarမှ ညွှန်ကြားရေးမှူး ဖြစ်သူ Ms. Katy Webleyဦးဆောင်သောအဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါ ဝန်ကြီးရုံး မေခလာခန်းမ၌လာရောက်တွေ့ဆုံပါသည်။
ထိုသို့တွေ့ဆုံရာတွင်LIFT Fund ကဆောင်ရွက်မည့် (၂၀၁၉-၂၀၂၃) မဟာဗျူဟာနှင့် ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းများနှင့်အစီအစဉ်များ၊ LIFT Fund ၏အကူအညီဖြင့် ရခိုင်ပြည်နယ်အတွင်းဆောင်ရွက်လျက် ရှိသည့် စီမံကိန်းများနှင့်ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ စီမံကိန်းများဆောင်ရွက်ရာတွင် ရခိုင် ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) အပါအဝင်သက်ဆိုင်ရာပြည်နယ်အစိုးရ၊ ဒေသဆိုင်ရာ အုပ်ချုပ်မှုအဖွဲ့ အစည်းများနှင့် စနစ်တကျချိတ်ဆက်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်ကဆောင်ရွက်နေမှုများနှင့် အာဆီယံနိုင်ငံများအပါအဝင် မိတ်ဖက်နိုင်ငံများမှပူးပေါင်းဆောင်ရွက်နေမှုများ၊သက်ဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများအနေဖြင့်လည်းနိုင်ငံတော်နှင့်ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများနှင့်စပ်လျဉ်း၍တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။#h11
#npt_apr2019Source: mswrr
ဧပြီ၂၄၊နေပြည်တော်

 

Sign Up

Upcoming Events