
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၊ ကယ်ဆယ်ရေးစခန်း (၄)ခုရှိ တိုက်ပွဲရှောင်ပြည်သူအိမ်ထောင်စု(၃၁၅)စု၊ လူဦးရေ(၁,၁၁၉)ဦးအတွက် ဆန်ရိက္ခာ(၁)လစာထောက်ပံ့ပေး ရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ အဆိုပါတိုက်ပွဲရှောင်ပြည်သူများအတွက် ဆန်ရိက္ခာ(၁)လစာကို သယံဇာတနှင့်ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်း၊ အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးဝင်းဇော်၊ ဦးခင်မောင်မြင့်၊ ဦးနောင်နဂျာတန်တို့နှင့်အတူ (၂၃-၄-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
#ha_otr
#kcn_apr2019
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)