Category Archives: News
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ မဂူကျွန်းကျေးရွာအုပ်စု၊ မဂူကျွန်းကျေးရွာ၌ (၂၄-၄-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၇) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၄,၇၀၀/-) ကျပ်တို့အား (၂၅-၄-၂၀၁၉) ရက်နေ့၊ (၁၂း၃၀) … Read more
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေးခြင်းသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သထုံခရိုင်ဦးစီးမှူးရုံး မှတာဝန်ရှိသူများသည် (၂၅-၄-၂၀၁၉) ရက်နေ့ (၁၀:ဝဝ)နာရီမှ(၁၁း၃၀)နာရီထိ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာ၊ ဘုန်းကြီးကျောင်း(ဓမ္မာရုံ)တွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာအသိ ပညာပေးဟောပြောဆွေးနွေးခြင်း၊ လက်ကမ်းစာစောင် များဝေငှခြင်းနှင့် နံရံကပ်ပိုစတာများကပ်ခြင်းတို့အားကျင်းပပြုလုပ်ခဲ့ရာ ပြည်သူလူထုအင်အား စုစုပေါင်း(၁၀၀)ဦး ခန့်တက်ရောက်ခဲ့ ကြောင်း သတင်းရရှိပါသည်။#ar #mon_apr2019 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မိုင်းဖြတ်မြို့နယ်တွင် (၂၃-၄-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဝမ်ဟွေရပ်ကွက်၊ဘူးဖါးကျေးရွာနှင့် အေးဆုဒေ ကျေးရွာတို့တွင် သွပ်မိုးပျဉ်ကာအိမ်(၃)လုံး၊ ဓနိမိုးထရံကာအိမ်(၁)လုံးနှင့် ဘုန်းကြီးကျောင်း (၁) ကျောင်းလေဘေးသင့်ခဲ့ပြီး အဆိုပါလေဘေးသင့်သွပ်မိုးပျဉ်ကာအိမ်ထောင်စု(၃)စုအတွက် (၁)အိမ် ထောင်လျှင် (၁၀၀,၀၀၀)ကျပ်နှုန်းဖြင့် (၃၀၀,၀၀၀) ကျပ်၊ ဓနိမိုးထရံကာ အိမ်ထောင်စုအတွက် (၁၂,၀၀၀) ကျပ်နှင့်ဘုန်းကြီးကျောင်းအတွက် (၁၀၀,၀၀၀) ကျပ်၊ စုစု ပေါင်းထောက်ပံ့ငွေ(၄၁၂,၀၀၀) ကျပ်တို့ကို (၂၅-၄-၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #shn_apr2019 Source: … Read more
-
လေပြင်းဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင် ဦးစီးမှူးရုံးနှင့် အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၄-၂၀၁၉) ရက်နေ့က အင်္ဂပူမြို့နယ်၊ သက္ကယ်တန်းကျေးရွာအုပ်စု၊ စစ်ကုန်းကျေးရွာအုပ်စု၊ ခွေးတောက်ချောင်းကျေးရွာအုပ်စုများမှ တစ်အုပ်စုလျှင် နေအိမ်အလုံး (၃၀)အား လေဘေးကြိုတင်ပြင်ဆင်ရေးအဖြစ် မွမ်းမံပြင်ဆင်ခြင်း၊ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက်ဗီနိုင်းပိုစတာစိုက်ထူခြင်းလုပ်ငန်းများအား ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာပြည်သူလူထုများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
-
လေဘေးအန္တရာယ်ကြိုတင်ကာကွယ်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်မိုးကြိုကာလဖြစ်သောဧပြီ၊မေလများတွင်လေပြင်းများကျရောက်နိုင်သဖြင့် (၂၄-၄-၂၀၁၉) ရက်နေ့၌ မြန်အောင်မြို့နယ်၊ လက်ပံကွင်းအုပ်စု၊ ထိန်သေးကြီးအုပ်စု၊ မျှင်ဝါးတောင်အုပ်စုတို့ရှိ နေအိမ်များအနက်မှ (၁)အုပ်စုစီလျှင် အိမ်ခြေ(၃၀)လုံးကို ကျေးရွာအုပ်စု/ရပ်ကွက်ကော်မတီဝင်းများ ရပ်မိရပ်ဖများ စေတနာ့ဝန်ထမ်းများနှင့်အတူ လေဘေးဒဏ်ခံနိုင်ရည်ရှိသော နေအိမ်များဖြစ်စေရန်အတွက် အိမ်များအားပြုပြင်မွမ်းမံခြင်းများ ဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) # ar_sgw # ayy_apr2019
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ
(၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၅) ရက်နေ့ မြန်မာစံတော်ချိန်(၁၂:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ======================================== “ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပါသည်။ အဆိုပါလေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ နောက်(၄၈)နာရီအတွင်း မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ “
-
ကျောက်တံခါးမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများ ထောက်ပံ့မှုသတင်း
x လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၄-၂၀၁၉) ရက်နေ့တွင် ရက်နေ့တွင် တိုက်ခတ်ခဲ့သော လေပြင်းကြောင့် ကျောက်တံခါးမြို့နယ် အတွင်းရှိ ရပ်ကွက်(၃)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၅)အုပ်စုတို့တွင် ပြိုလဲနေအိမ်(၂၂)လုံး၊ အမိုးလန်နေအိမ်(၂၁၈)လုံး၊ အမိုးလန်ဘုန်းကြီးကျောင်း(၂)ကျောင်းထိခိုက်ပျက်စီးခဲ့ရပြီး အဆိုပါ ပြိုလဲ/အမိုးလန်နေအိမ်နှင့် ဘုန်းတော်ကြီးကျောင်းတို့အတွက် အိမ်နှင့်ကျောင်းဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁၃၀၅၀၀၀၀/၃)ကျပ်၊ ပြိုလဲနေအိမ်များမှ လူဦးရေ(၁၀၆)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၂၂၂၆၀၀/-)ကျပ်၊ စုစုပေါင်း(၁၃၂၇၂၆၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၂၂)အိမ်ထောင်စုစာတို့အား ကျောက်တံခါးမြို့နယ်၊ အင်းပတ်လည်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ကြာအင်းကုန်းကျေးရွာ မဟာစည်ဘုန်းတော်ကြီးကျောင်းနှင့် ကျောက်တံခါးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတို့တွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဌ၊ ကရင်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးတို့နှင့်အတူ (၂၄-၄-၂၀၁၉) … Read more
-
မြဝတီခရိုင်ဦးစီးမှူးရုံးမှ သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြဝတီမြို့နယ်၊ ရေပူကျေးရွာ မဲကနယ်ကျေးရွာတွင် သောက်သုံးရေပြတ်လပ်လျက်ရှိသော အိမ်ခြေ(၂၅၀)လုံး၊ အိမ်ထောင်စု (၂၅၆)စုမှ လူဦးရေ (၄၅၀)ဦးခန့် အတွက် သောက်သုံးရေ (၅၀၀၀)ဂါလံ ကို (၂၄-၄-၂၀၁၉)ရက်နေ့၊ (၁၄၃၀)နာရီအချိန်တွင် သွားရောက်လှူဒါန်းခဲ့ကြောင်းသတင်းရရှိပါသည်။
-
သောက်သုံးရေများဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၄-၂၀၁၉)ရက်နေ့တွင် သောက်သုံးရေရှားပါးလျက်ရှိသော ဖရူဆိုမြို့နယ်၊ ကေးလျားကျေးရွာအုပ်စု ထီးဗျားညေးကျေးရွာ၊ ဒေါပိုရှေ့ကျေးရွာ၊ ဒေါခူလီကျေးရွာ၊ လောပလျားလဲကျေးရွာများသို့ ဂါလံ(၁၂၅၀)ဆံ့ရေသယ်ယာဉ်(၄)စီးဖြင့် ဖရူဆိုမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှတာဝန်ရှိသူများ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယား ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများပါဝင်သည့်အဖွဲသည် သောက်သုံးရေများသွားရောက် ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ha_drg #kyh_ apr2019
-
ပြည်ထောင်စုနယ်မြေ နေပြည်တောင်တိုင်းဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်၊ မြို့နယ်ထွေထွေအုပ်ရေးမှူးတို့နှင့်အတူ (၂၂-၄-၂၀၁၉)ရက်နေ့(၁၈:၀၀) အချိန်က နေပြည်တော်ကောင်စီနယ်မြေအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ အမိုးလန်ပျက်စီးခြင်း၊ ပြိုလဲခြင်းနှင့် ဘုန်းကြီးကျောင်းများ အမိုးလန်ပျက်စီးခြင်းတို့ ဖြစ်ပွားခဲ့သည့် လယ်ဝေးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၉ )စု၊ ကျေးရွာပေါင်း( ၁၈)ရွာ၊ ဘေးသင့်အိမ်ခြေ (၁၂၈)လုံး၊ လူဦးရေ (၅၆၇) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ (၄,၀၀၃,၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၁,၁၈၂,၃၀၀) ကျပ်၊ စုစုပေါင်းရန်ပုံငွေ ( … Read more









