လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၄-၂၀၁၉)ရက်နေ့တွင် သောက်သုံးရေရှားပါးလျက်ရှိသော ဖရူဆိုမြို့နယ်၊ ကေးလျားကျေးရွာအုပ်စု ထီးဗျားညေးကျေးရွာ၊ ဒေါပိုရှေ့ကျေးရွာ၊ ဒေါခူလီကျေးရွာ၊ လောပလျားလဲကျေးရွာများသို့ ဂါလံ(၁၂၅၀)ဆံ့ရေသယ်ယာဉ်(၄)စီးဖြင့် ဖရူဆိုမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှတာဝန်ရှိသူများ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယား ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများပါဝင်သည့်အဖွဲသည် သောက်သုံးရေများသွားရောက် ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_drg
#kyh_ apr2019