လေပြင်းဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

25 pic_2 25 pic_3 25 pic_4

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင် ဦးစီးမှူးရုံးနှင့် အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၄-၂၀၁၉) ရက်နေ့က အင်္ဂပူမြို့နယ်၊   သက္ကယ်တန်းကျေးရွာအုပ်စု၊ စစ်ကုန်းကျေးရွာအုပ်စု၊ ခွေးတောက်ချောင်းကျေးရွာအုပ်စုများမှ တစ်အုပ်စုလျှင် နေအိမ်အလုံး (၃၀)အား လေဘေးကြိုတင်ပြင်ဆင်ရေးအဖြစ် မွမ်းမံပြင်ဆင်ခြင်း၊ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက်ဗီနိုင်းပိုစတာစိုက်ထူခြင်းလုပ်ငန်းများအား ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာပြည်သူလူထုများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events