x
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၄-၂၀၁၉) ရက်နေ့တွင် ရက်နေ့တွင် တိုက်ခတ်ခဲ့သော လေပြင်းကြောင့် ကျောက်တံခါးမြို့နယ် အတွင်းရှိ ရပ်ကွက်(၃)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၅)အုပ်စုတို့တွင် ပြိုလဲနေအိမ်(၂၂)လုံး၊ အမိုးလန်နေအိမ်(၂၁၈)လုံး၊ အမိုးလန်ဘုန်းကြီးကျောင်း(၂)ကျောင်းထိခိုက်ပျက်စီးခဲ့ရပြီး အဆိုပါ ပြိုလဲ/အမိုးလန်နေအိမ်နှင့် ဘုန်းတော်ကြီးကျောင်းတို့အတွက် အိမ်နှင့်ကျောင်းဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁၃၀၅၀၀၀၀/၃)ကျပ်၊ ပြိုလဲနေအိမ်များမှ လူဦးရေ(၁၀၆)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၂၂၂၆၀၀/-)ကျပ်၊ စုစုပေါင်း(၁၃၂၇၂၆၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၂၂)အိမ်ထောင်စုစာတို့အား ကျောက်တံခါးမြို့နယ်၊ အင်းပတ်လည်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ကြာအင်းကုန်းကျေးရွာ မဟာစည်ဘုန်းတော်ကြီးကျောင်းနှင့် ကျောက်တံခါးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတို့တွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဌ၊ ကရင်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးတို့နှင့်အတူ (၂၄-၄-၂၀၁၉) ရက်နေ့တွင် ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။#ha_sgw
#bgo_apr2019#ha_sgw
#bgo_apr2019