
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မိုင်းဖြတ်မြို့နယ်တွင် (၂၃-၄-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဝမ်ဟွေရပ်ကွက်၊ဘူးဖါးကျေးရွာနှင့် အေးဆုဒေ ကျေးရွာတို့တွင် သွပ်မိုးပျဉ်ကာအိမ်(၃)လုံး၊ ဓနိမိုးထရံကာအိမ်(၁)လုံးနှင့် ဘုန်းကြီးကျောင်း (၁) ကျောင်းလေဘေးသင့်ခဲ့ပြီး အဆိုပါလေဘေးသင့်သွပ်မိုးပျဉ်ကာအိမ်ထောင်စု(၃)စုအတွက် (၁)အိမ် ထောင်လျှင် (၁၀၀,၀၀၀)ကျပ်နှုန်းဖြင့် (၃၀၀,၀၀၀) ကျပ်၊ ဓနိမိုးထရံကာ အိမ်ထောင်စုအတွက် (၁၂,၀၀၀) ကျပ်နှင့်ဘုန်းကြီးကျောင်းအတွက် (၁၀၀,၀၀၀) ကျပ်၊ စုစု ပေါင်းထောက်ပံ့ငွေ(၄၁၂,၀၀၀) ကျပ်တို့ကို (၂၅-၄-၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#ha_sgw
#shn_apr2019
Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)