ပြည်ထောင်စုနယ်မြေ နေပြည်တောင်တိုင်းဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်၊  မြို့နယ်ထွေထွေအုပ်ရေးမှူးတို့နှင့်အတူ (၂၂-၄-၂၀၁၉)ရက်နေ့(၁၈:၀၀) အချိန်က နေပြည်တော်ကောင်စီနယ်မြေအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ အမိုးလန်ပျက်စီးခြင်း၊ ပြိုလဲခြင်းနှင့် ဘုန်းကြီးကျောင်းများ အမိုးလန်ပျက်စီးခြင်းတို့ ဖြစ်ပွားခဲ့သည့် လယ်ဝေးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၉ )စု၊ ကျေးရွာပေါင်း( ၁၈)ရွာ၊ ဘေးသင့်အိမ်ခြေ (၁၂၈)လုံး၊ လူဦးရေ (၅၆၇) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ (၄,၀၀၃,၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၁,၁၈၂,၃၀၀) ကျပ်၊ စုစုပေါင်းရန်ပုံငွေ ( ၅,၁၈၅,၃၀၀) ကျပ်တို့ကို (၂၄-၄-၂၀၁၉)ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ခဲ့ပြီး ကျန်ရှိပျက်စီးအိမ်များအတွက် ထောက်ပံ့မှုများအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events