Category Archives: News
-
သောက်သုံးရေလှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ် ဦးစီးမှူးရုံးတာဝန်ရှိသူများသည် (၂၅-၄-၂၀၁၉) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာအုပ်စု၊ ဒေါဆိုဖ်ကျေးရွာသို့ ဂါလံ (၃၀၀၀) ဆံ့ ရေသယ်ယာဉ် (၁) စီးဖြင့် ဒီးမော့ဆိုမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှဝန်ထမ်းများနှင့်အတူ သောက်သုံးရေသွားရောက် လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။#ha-drg #kyh_apr2019 သောက်သုံးရေလှူဒါန်းမှုသတင်း
-
သောက်သုံးရေလှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ် ဦးစီးမှူးရုံးတာဝန်ရှိသူများသည် (၂၄-၄-၂၀၁၉) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဆင်တောင်ကျေးရွာအုပ်စု၊ လီဝိုးကျေးရွာသို့ ဂါလံ (၃၀၀၀) ဆံ့ရေသယ်ယာဉ် (၁) စီး၊ ဖရူဆိုမြို့နယ်၊ ကေးလ်ားကျေးရွာအုပ်စု၊ ဒေါတကလဲကျေးရွာ၊ ကေးလ်ား ကျေးရွာ၊ မြို့မကျေးရွာအုပ်စု၊ ခေါသ မော ကျေးရွာများသို့ ဂါလံ (၁၂၅၀) ဆံ့ရေသယ်ယာဉ် (၃) စီး၊ ဘောလခဲမြို့နယ်၊ ဘူးခူကျေးရွာအုပ်စု ၊ ဘူးခူကျေးရွာသို့ ဂါလံ (၁၆၀၀) ဆံ့ရေသယ်ယာဉ် (၂) စီး၊ စုစုပေါင်းရေသယ်ယာဉ်(၆) စီးဖြင့် … Read more
-
သောက်သုံးရေလှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ် ဦးစီးမှူးရုံးတာဝန်ရှိသူများသည် (၂၄-၄-၂၀၁၉) ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ ကေးလျားကျေးရွာအုပ်စု၊ ထီးဗျားကျေးရွာ၊ ဒေါပိုရွေ့ကျေးရွာ၊ ဒေါခူလီကျေးရွာ၊ လောပလ်ားလဲကျေးရွာများသို့ ဂါလံ (၁၂၅၀) ဆံ့ရေသယ်ယာဉ် (၄) စီးဖြင့်၊ ဖရူဆိုမြို့နယ်အုပ်ချုပ်ရေးမှူး ရုံးမှဝန်ထမ်းများနှင့်အတူ သောက်သုံးရေသွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။#ha-drg #kyn_apr2019 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ဆည်ကြီးများ၏ကြံ့ခိုင်မှုအခြေအနေနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ကာကွယ် တုံ့ပြန်နိုင်ရေး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
ဧပြီလ၂၅၊နေပြည်တော် ဆည်ကြီးများ၏ကြံ့ခိုင်မှုအခြေအနေနှင့်သဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ကာကွယ်တုံ့ပြန်နိုင်ရေးပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယနေ့နံနက်ပိုင်းတွင်ရုံးအမှတ်(၁၅)၊အစည်းအဝေးခန်းမ၌ကျင်းပရာစိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ဒုတိယဝန်ကြီးဦးလှကျော်၊ဦးစိုးအောင်နှင့်သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်ဆွေးနွေးကြပါသည်။ ပထမဦးစွာပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူကဆည်တမံများအနေဖြင့်စိုက်ပျိုးမွေးမြူရေးနှင့်ရေအားလျှပ်စစ်ထုတ်လုပ်ရေးသာမကဒေသစိမ်းလန်းစိုပြေရေးနှင့်ရေချိုရှားပါးမှုပြဿနာကိုကာကွယ်ပေးနိုင်ရေးတို့အတွက်အကျိုးပြုနိုင်ရေးမျှော်မှန်းဆောင်ရွက်ခဲ့သည့်နည်းတူဆည်များတည်ဆောက်စဉ်ကဒေသရေမြေဖြစ်တည်မှု၊ယင်းဒေသ၏ရာသီဥတုမိုးရေချိန်နှင့်သဘာဝဘေးဖြစ်ပေါ်နိုင်မှုအခြေအနေများအပေါ်ပညာရှင်များကစနစ်တကျစိစစ်တွက်ချက်ပြီးစီမံခန့်ခွဲမှု၊ထိန်းသိမ်းကြပ်မတ်မှုလုပ်ငန်းများထည့်သွင်းဆောင်ရွက်ထားပါကြောင်း၊ဆည်တမံကြီးများသည်မြေအောက်ရေမြင့်တက်စေခြင်းနှင့်ရေချိုသယံဇာတတိုးပွားစေခြင်းများအကျိုးပြုနိုင်သော်လည်းအခြားတစ်ဘက်တွင်လည်းငလျင်ကြီးများအပါအဝင်မမျှော်မှန်းနိုင်သောဘေးအန္တရာယ်များကြောင့်ဖြစ်ပေါ်လာနိုင်သောနောက်ဆက်တွဲပြဿနာများအပေါ်ပညာရှင်များ၏အကြံဉာဏ်များကိုရယူပြီးကြိုတင်ကာကွယ်မှုအစီအစဉ်များရေးဆွဲဆောင်ရွက်ခြင်း၊တည်ဆောက်ပြီးဆည်များ၏ကြံ့ခိုင်မှုထိန်းသိမ်းဆောင်ရွက်ခြင်း၊သဘာဝဘေးနှင့်ရာသီဥတုသက်ရောက်မှုအခြေအနေများကိုအချိန်နှင့်တပြေးညီထုတ်ပြန်အသိပေးနိုင်ရန်သက်ဆိုင်ရာဌာနများ၊ဒေသတာဝန်ရှိသူများ၊ဒေသနေပြည်သူများနှင့်ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများစီမံဆောင်ရွက်ထားရှိမှုအခြေအနေများကိုဆွေးနွေးပြောကြားပါသည်။ ဆက်လက်၍ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးကလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့်ပြည်သူများ၏အသက်အိုးအိမ်စည်းစိမ်ဘေးကင်းလုံခြုံမှုအတွက်ကြိုတင်ကာကွယ်ရေး၊လျင်မြန်စွာတုံ့ပြန်ရေး၊ထိရောက်သည့်တုံ့ပြန်မှုနည်းလမ်းများဖြင့်ပြည်သူများအပေါ်အကျိုးပြုနိုင်ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ဆည်တမံကြီးများတည်ဆောက်ခြင်းကြောင့်ရရှိလာမည့်အကျိုးကျေးဇူးနှင့်သက်ရောက်နိုင်သည့်ဆိုးကျိုးများအနည်းဆုံးဖြစ်စေရေးပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ဒေသအလိုက်ဆည်တာတမံများ၏ကြံ့ခိုင်မှုနှင့်ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များ၏အချက်အလက်များကိုအသုံးပြု၍ဆည်ဝန်းကျင်ရှိရပ်ရွာလူထုအားဘေးအန္တရာယ်ဆိုင်ရာကြိုတင်ကာကွယ်မှု၊ပြင်ဆင်မှုအရေးပေါ်တုံ့ပြန်မှုတို့အတွက်ဇာတ်တိုက်လေ့ကျင့်မှုများကိုပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ဝန်ကြီးဌာန(၂)ခုတည်းနှင့်လည်းဆောင်ရွက်၍မရပါကြောင်း၊အခြားဆက်စပ်ဝန်ကြီးဌာနများ၊လူမှုအဖွဲ့အစည်းများ၊ပြည်သူများနှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ဆည်များအတွင်းနုန်းပို့ချမှုလျော့နည်းစေရန်အတွက်ဆည်၏ရေဝေရေလဲဒေသများတွင်၊သစ်တောသစ်ပင်များပြုစုစိုက်ပျိုးဖြစ်ထွန်းရေးတို့ကိုလည်းတိုးမြှင့်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊တမံများမှစီးဆင်းလာသောရေလမ်းကြောင်းရှိမြောင်း၊ချောင်းများတစ်လျှောက်တွင်လည်းရေကြမ်းပြင်မြင့်တက်မှုမရှိစေရေးရေလမ်းကြောင်းများပြုပြင်တူးဖော်ရန်လည်းအရေးကြီးပါကြောင်း၊လုပ်ငန်ဆက်စပ်မှုများအရကြိုတင်ကာကွယ်မှုများကိုပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊မိမိတို့ဘက်ကလည်းဖြစ်ပေါ်လာနိုင်သည့်ဘေးအန္တရာယ်အပေါ်ထိရောက်သောတုန့်ပြန်မှုများကိုပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်းပြောကြားပါသည်။ ထို့နောက်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဉီးစီးဌာနညွှန်ကြားရေးမှူးချုပ်ကတည်ဆောက်ပြီးဆည်တမံများအားသဘာဝဘေးအန္တရာယ်မှကြိုတင်ပြင်ဆင်ကာကွယ်နိုင်ရေးအတွက်ကြိုတင်စီမံဆောင်ရွက်ထားရှိမှုအခြေအနေများကိုရှင်းလင်းတင်ပြရာပြည်ထောင်စုဝန်ကြီးများ၊ဒုတိယဝန်ကြီးများနှင့်အစည်းအဝေးတက်ရောက်လာကြသူများကဝိုင်းဝန်းဖြည့်စွက်ဆွေးနွေးကြကြောင်းသိရှိရပါသည်။
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ
(၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၅) ရက်နေ့ မြန်မာစံတော်ချိန်(၁၆:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ====================== “ယနေ့မြန်မာစံတော်ချိန် (၁၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း တို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာနေပြီး နောက်(၂၄)နာရီအတွင်း မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။
-
သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
မွန်ပြည်နယ်၊သထုံမြို့နယ်အတွင်း သောက်သုံးရေရှားပါးနေသည့် ကန်ညီနောင်ရပ်ကွက်မှ အိမ်ခြေ (၄၀၀)နှုန်း၊ အိမ်ထောင်စု(၄၀၀)၊ လူဦးရေ(၂,၀၀၀)ဦးတို့အတွက် သောက်သုံးရေ ဂါလန်(၃,၂၀၀)တို့ကို (၂၄-၄-၂၀၁၉) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #mon_apr2019 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၄-၂၀၁၉)ရက်နေ့တွင် လေပြင်းတိုက်ခက်မှုကြောင့် ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ကျေးရွာအုပ်စုနှင့် ဇီးကနားကျေးရွာအုပ်စုရှိ လူနေအိမ်(၅၀)လုံး၊ အိမ်ထောင်စု(၅၀)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၆၄၅၀၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၆)မျိုး(၅၀)အိမ်ထောင်စာအား (၂၅-၄-၂၀၁၉)ရက်နေ့တွင် မြို့နယ်ထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံံ့ခဲ့ပြီး (၁၅-၄-၂၀၁၉)ရက်နေ့တွင် လေဘေးဖြစ်ပွားသော ကျွန်းလှမြို့နယ်၊ညောင်ကိုင်းကျေးရွာအုပ်စု၊ညောင်ကိုင်းကျေးရွာမှ ထပ်တိုးလေဘေးသင့် အိမ်ခြေ(၂)အိမ်မှ အိမ်ထောင်စု(၂)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၄၀၀၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၆)မျိုး (၂)အိမ်ထောင်စာ တို့အား(၂၅-၄-၂၀၁၉)ရက်နေ့တွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံသို့ ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး(ဘစမ) # ha_sgw # sgg _apr2019 … Read more
-
ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၄-၂၀၁၉)ရက်နေ့က ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့၊ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်တို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ သွပ်မိုး/ဝါးထရံကာ/ ပျဉ်ထောင်/ပျဉ်ခင်း နေအိမ်(၇)လုံး တစ်စိတ်တစ်ပိုင်းပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ခြေ/အိမ်ထောင်စု (၇)စုမှ လူဦးရေ(၂၂)ဦး ဘေးဒုက္ခခံစားခဲ့ရကြောင်း၊ အဆိုပါ လေဘေးသင့် အိမ်ထောင်စု(၇)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ(၆၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာ (၇)ရက်စာ (၄၆,၂၀၀)ကျပ်၊ စုစုပေါင်းငွေကျပ် (၆၄၆,၂၀၀)တို့အား (၂၅-၄-၂၀၁၉)ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ၊ ဝိုင်းမော်မြို့နယ်၊ ဝါရှောင်ကျေးရွာ၊ နန့်ဝါကျေးရွာနှင့် မန့်ဝိန်းကျေးရွာတို့တွင် (၁၅- ၄ -၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်အိမ်ထောင်စု (၃၄) စု ၊လူဦးရေ( ၁၇၀)ဦးတို့အတွက် ဆန်ရိက္ခာနှင့် အိမ်ဆေ ာက်ပစ္စည်းတန်ဖိုးငွေ( ၃၂၄၆၅၀၀/-) ၊ ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး တန်ဖိုး(၆၂၉၃၄၀/-)၊ စုစုပေါင်းတန်ဖိုးငွေ (၃၈၇၅၈၄၀/-) တ့ိုအား (၂၅-၄-၂၀၁၉) ရက်နေ့(၁၀း၀၀) အချိန်တွင် ဝါရှောင်ဘုရားကျာင်း၌လည်းကောင်း၊(၁၁:၃၀) အချိန်တွင် မန့်ဝိန်းကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌လည်းကောင်း ထောက်ပံမှုများပေးအပ်ခဲ့ရာ … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် (၂၄-၄-၂၀၁၉)ရက်နေ့၊ (၁၃း၀၀)နာရီအချိန်၌ သရက်မြို့နယ်၊ ဆင်သေကျေးရွာအုပ်စု၊ ဆင်သေကျေးရွာတွင် မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၄)ဦး မီးဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၈၄၀၀/-)၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀ဝ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုးပါ(၁)အိမ်ထောင်စာတို့ကို (၂၅-၄-၂၀၁၉)ရက်နေ့တွင် သရက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် သက်ဆိုင်ရာကျေးရွာစာရေးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ) # ha_fir # … Read more









